ရှေ့သို့
Image

တိုမီယာဆုကို စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားပြီးဖြစ်တဲ့ အာဆင်နယ်

10:45 AM, 7 March

အာဆင်နယ်အသင်းဟာ ကွင်းတွင်းမှာ ခြေစွမ်းကောင်းတွေပြသနေသလို နောက်ကွယ်မှာလည်း သဘောကျစရာကောင်းလောက်အောင် အလုပ်လုပ်နေခဲ့ပါတယ်။

အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ အသင်းကစားသမားတော်တော်များများကို စာချုပ်သစ်တွေ ချုပ်ဆိုနေပြီး သတင်းတွေအရ တိုမီယာဆုရဲ့စာချုပ်သစ်ဟာ ပြီးမြောက်ခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၅ နှစ်သားဟာ လက်ရှိမှာ ဒဏ်ရာကြောင့်နားနေရပြီး စာချုပ်သစ်ထဲမှာ တစ်ပတ်လုပ်ခပေါင် ၁ သိန်းလောက်ရရှိမယ်လို့ သိရပါတယ်။

အသင်းဘက်က တိုမီယာဆုရဲ့စာချုပ်သစ်အခြေအနေကို ထုတ်ပြန်ခြင်း မရှိသေးတာဖြစ်ပြီး မကြာခင်မှာ ကြေညာဖွယ်ရှိနေပါတယ်။ ဒါ့အပြင် အသက် ၂၆ နှစ်အရွယ် ဘင်ဝှိုက်ကလည်း စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ အတော်လေးနီးစပ်နေပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့မေလကတည်းက အိုဒီဂတ် ၊ ဆာလီဘာ ၊ ဆာကာ နဲ့ ရမ်စ်ဒဲလ်တို့ကို စာချုပ်သစ်တွေချုပ်နေတာဖြစ်ပါတယ်။ မာတီနယ်လီကိုလည်း လွန်ခဲ့တဲ့ ၁၃ လတုန်းက စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး အသင်းအားကစားဒါရိုက်တာ အီဒူးရဲ့စွမ်းဆောင်ရည်ကို ချီးကျူးရမှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အခုနောက်ပိုင်းမှာ ပုံစံကောင်းရနေတဲ့ ကစားသမားတွေကို အသင်းမှာဆက်ထိန်းထားနိုင်ဖို့ လုပ်ဆောင်နေပြီး ယခင်တုန်းက အိုဇေးလ် ၊ အူဘာမီယန်းတို့လို ကစားသမားတွေကို ရှင်းထုတ်ခဲ့ပါတယ်။ အာဆင်နယ်က အာဆင်နယ်အသင်းရဲ့အဝတ်လဲခန်းကို ပြင်ဆင်ခဲ့ပြီး အဆိုပါရလဒ်ကြောင့် အသင်းကကောင်းကောင်းအထိုင်ကျလာခဲ့သလို ဟန်ချက်လည်း ညီလာခဲ့တာဖြစ်ပါတယ်။

#အာဆင်နယ် #တိုမီယာဆု #ပရီးမီးယားလိဂ်