ရှေ့သို့
Image

ကွင်းအနီးနားမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ဆောက်သမ်တန်နဲ့ ပရက်စ်တန်တို့ ပွဲစဉ်ကို ဖျက်သိမ်းခဲ့ရ

10:15 AM, 7 March

ကွင်းအနီးနားမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့ ညနေခင်းမှာ ကန်မယ့် ဆောက်သမ်တန်နဲ့ ပရက်စ်တန်တို့ပွဲကို ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။ မီးသတ်ကား ၁၈ စီးလောက်လာရောက်ပြီး မီးငြိမ်းသတ်ခဲ့ရသလို ကွင်းနဲ့ကိုက်အနည်းငယ်ပဲကွာတဲ့နေရာတဝိုက်မှာ စက်မှုဇုန် ၄ ခုလောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

“ပြည်တွင်းတာဝန်ရှိသူတွေ နဲ့ အရေးပေါ်အဖွဲ့အစည်းတွေက မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အခုလိုမျိုးပွဲကိုဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုမီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေရာက အသင်းရဲ့ကွင်းနဲ့လည်း နီးကပ်တာကြောင့်ပါ။ မီးသတ်သမားတွေက အခြေအနေကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ပရက်စ်တန်နဲ့ ချန်ပီယံရှစ်တာဝန်ရှိသူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေရဲ့စိတ်ပျက်မှုကို ကျွန်တော်တို့ နားလည်ပါတယ်။ အခြေအနေကိုလည်း သူတို့နားလည်လိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ အခုပွဲစဉ်ကို ပြန်လည်ကန်နိုင်ဖို့ ရက်အသစ်သတ်မှတ်မှာဖြစ်ပြီး မကြာခင်မှာ ကြေညာပေးသွားပါမယ်”လို့ ဆောက်သမ်တန်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

#ဆောက်သမ်တန် #ပရက်စ်တန်