ရှေ့သို့
Image

ဘယ်လင်ဟမ်ကို ဘရာဇီးစတားဟောင်း ကာကာနဲ့ ခိုင်းနှိုင်းလိုက်တဲ့ အန်ဆယ်လော့တီ

9:08 AM, 7 March

ရီးရဲလ်အသင်းနည်းပြ အန်ဆယ်လော့တီက ယူနီယံဘာလင်နဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် တပည့်ဖြစ်သူ ဘယ်လင်ဟမ်ကို ရီးရဲလ်စတားဟောင်း ကာကာနဲ့ ခိုင်းနှိုင်းလိုက်ပါတယ်။ အဆိုပါကစားသမား ၂ ဦးစလုံးနဲ့လက်တွဲဖူးတဲ့ အီတလီသားက လက်ရှိအချိန်မှာ အင်္ဂလန်သားက ဘရာဇီးဂန္ထဝင်ထက် ဘောလုံးမရှိချိန်မှာ ပိုကောင်းတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ပွဲမတိုင်ခင် အန်ဆယ်လော့တီက “ကာကာက ဘောလုံးနဲ့အတူ ဧရိယာထဲမှာဆို အဆင်ပြေပါတယ်။ သူက ဘောလုံးမပါပဲ အဆင်မပြေပါဘူး။ ဘယ်လင်ဟမ်ကတောာ့ သူနဲ့မတူပါဘူး။ သူက ဘောလုံးမရှိချိန်မှာဆို ပိုကောင်းပါတယ်။ ကာကာက ဘောလုံးနဲ့ အတူရှိနေချိန်ဆိုရင် အရမ်းကောင်းပါတယ်။ ဘယ်လင်ဟမ်က off the ball အနေအထားမှာ ပိုကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ကာကာဟာ အီတလီသားလက်အောက်မှာ ၆ နှစ်ကြာ ကစားခဲ့ပြီး မီလန်မှာ အတူတူ စီးရီးအေ၊ ချန်ပီယံအပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ ကာကာဟာ ရီးရဲလ်အသင်း ပြောင်းရွှေ့ခဲ့ပြီး အန်ဆယ်လော့တီက ချဲလ်ဆီးထံပြောင်းရွှေ့ခဲ့ပါတယ်။

ရီးရဲလ်အသင်းဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲအဖြစ် လိုက်ပ်ဇစ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#လာလီဂါ #ကာကာ #အန်ဆယ်လော့တီ #ဘယ်လင်ဟမ်