ရှေ့သို့
Image

ဆော်ဒီက ပူးတွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် နိုင်ငံတကာပြိုင်ပွဲမှာ အသင်း ၂၀ ဖြင့် ကစားသွားမယ်

9:34 AM, 6 March

အာဖရိကနိုင်ငံများဖလားနှင့် အာရှဖလားပြိုင်ပွဲတို့မှာ ကျင်းပခဲ့ခြင်းနှင့်အတူ နိုင်ငံကတာဘောလုံးပရိသတ်တွေကတော့ ဒီနွေရာသီမှာ ကစားမယ့် ဥရောပချန်ပီယံရှစ်နှင့် ကိုပါအမေရိကတို့မှာ စတင်ကြည့်ရှုရတော့မှာဖြစ်ပါတယ်။

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ပွဲစဉ်ဇယားရေးဆွဲရာတွင် ကမ္ဘာတစ်လွှားမှာ ပြိုင်ပွဲတွေကနေ အသင်းတွေ ပေါ်ထွက်လာတဲ့အထိ ပရိသတ်တွေက စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အနည်းငယ်ကွဲပြားသွားတဲ့အတွက် ကြည့်ရှုဖို့အတွက် စိတ်အားထက်သန်နေမှာဖြစ်ပြီး ဖီဖာမှာ သတင်းကောင်းရှိနေမှာပါ။

အုပ်စုတိုင်းဟာ နေရာတစ်နေရာတည်းမှာပဲ ပွဲအားလုံးကို ကစားရမှာဖြစ်ပြီး ဆော်ဒီက အုပ်စု ၂ စုကို လက်ခံကျင်းပမှာဖြစ်ကာ အယ်လ်ဂျီးရီးယား၊ အဇာဘိုင်ဂျန်နှင့် သီရီလင်္ကာနိုင်ငံတို့က အုပ်စု ၁ စုကို လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ ယူအီးအက်ဖ်အေရဲ့ အသင်း ၃ သင်းဖြစ်တဲ့ အန်ဒိုရာ၊ ဘူဂေးရီးယား၊ အဇာဘိုင်ဂျန်တို့ဟာ ခြေစမ်းပွဲတွေ ကစားရမှာဖြစ်ပါတယ်။

အန်ဒိုရာဟာ အယ်လ်ဂျီးရီးယားမှာ ခြေစမ်းပွဲ ၃ ပွဲကစားရမှာဖြစ်ပြီး အိမ်ရှင်းအသင်းဟာ ဘိုလီဗီးယား၊ တောင်အာဖရိကတို့နှင့် တွေ့ဆုံရမှာဖြစ်ပါတယ်။ နောက်ထပ် အိမ်ရှင်အသင်းဖြစ်တဲ့ အဇာဘိုင်ဂျန်ကတော့ ဘူလ်ဂေးရီးယား၊ မွန်ဂိုလီးယား၊ တန်ဇာနီယာတို့နှင့် တွေ့ဆုံရမှာပါ။ ဖီဖာရဲ့ကမ္ဘာ့အဆင့်သတ်မှတ်မှုတွင် ၁၇၀ မှာ ရပ်တည်နေတဲ့ ပစိဖိတ်ကျွန်းစု ဗန်ယူယာတူကတော့ ဆော်ဒီအုပ်စုထဲမှာ ပါဝင်နေပါတယ်။

"ကမ္ဘာ့အဆင့်မှာ ဖီဖာရဲ့စီးရီးတွေက နိုင်ငံအသင်းတွေအတွက် ရှေ့ဆက်ဖို့အတွက် အပြုသဘောဆောင်နေပါတယ်" "ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေကလည်း ကမ္ဘာတစ်လွှားက အခြားနိုင်ငံများနှင့် ဆန့်ကျင်ပြီး သူတို့ရဲ့ စိတ်ဆန္ဒကို အရင်ကတည်းက ပြောကြားခဲ့တာဖြစ်ပါတယ်။ အခုတော့ နိုင်ငံတကာအမျိုးသာဘောလုံးပြိုင်ပွဲမှာ သူတို့တွေ လုပ်နိုင်ကြတော့မှာဖြစ်ပါတယ်"လို့ ဖီဖာရဲ့ဥက္ကဌ အင်ဖန်တီနိုက ပြောပါတယ်။

ဖီဖာစီးရီးအယ်လ်ဂျီးရီးယား - အယ်လ်ဂျီးရီးယား၊ တောင်အာဖရိက၊ ဘိုလီဗီးယား၊ အန်ဒိုရာ။
ဖီဖာစီးရီး အဇာဘိုင်ဂျန် - အဇာဘိုင်ဂျန်၊ မွန်ဂိုလီးယား၊ ဘူဂေးရီးယား၊ တန်ဇာနီယာ။
ဖီဖာစီးရီး ဆော်ဒီ (A) - ကပ်ပီဗာဒိ၊ ကမ္ဘောဒီးယား၊ အီကွာတိုရီရယ်ဂီနီယာ၊ ဂိုင်ယာနာ။
ဖီဖာစီးရီး ဆော်ဒီ (B) - ဘာဗျူဒါ၊ ဘရူနိုင်း၊ ဂီနီယာ၊ ဗန်ယူယာတူ။
ဖီဖာစီးရီး သီရိလင်္ကာ - သီရိလင်္ကာဘူတန်၊ အလယ်တောင်အာဖရိကရီပါ့ပလစ်၊ ပူပါယာနယူးဂီနီယာ။

#အာဖရိကဖလား #ဆော်ဒီ