ရှေ့သို့
Image

လက်မောင်းမှာ အာဆင်နယ်ရဲ့လိုဂို တက်တူးထိုးထားတဲ့ ယူနိုက်တက်ပစ်မှတ်ဟောင်းကို စိတ်ဝင်စားနေတဲ့ တော့တင်ဟမ်

1:44 PM, 5 March

ကွင်းလယ်ကစားသမားရဲ့ အခြေအနေကိုကြည့်ရှုဖို့အတွက် တော့တင်ဟမ်ဟာ ကင်းထောက်တွေ စေလွှတ်ထားတာဖြစ်ပါတယ်။ အသက် ၂၄ ဟုချ်မန်းဟာ အာဆင်နယ်ကို သဘောကျကြောင်း လျှို့ဝှက်ထားခြင်းမရှိဘဲ သူ့ရဲ့ဘယ်ဘက်လက်မောင်းမှာတောင် အာဆင်နယ်လိုဂိုအား တက်တူးထိုးထားတာဖြစ်ပါတယ်။

ပေါ်တူဂီသတင်းစာ Record ရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်ဟာ သူ့ကိုစောင့်ကြည့်ဖို့အတွက် စပို့တင်းရဲ့ ဘင်ဖီကာအား ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲသို့ ကင်းထောက်များ စေလွှတ်ခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံသားအတွက် မြောက်လန်ဒန်ကလပ်ဟာ နွေရာသီတွင် ကမ်းလှမ်းမှုများစတင်လုပ်ဆောင်လာနိုင်ပြီး သူတို့ဟာ ဟိုဂျက်နှင့် အိုလီဗာစကစ်တို့ရဲ့နေရာကို အဆင့်မြှင့်တင်ဖို့ လုပ်နေတာဖြစ်ပါတယ်။

ဟုချ်မန်းဟာ ငယ်စဉ်ကတည်းက ဗီအဲရာကို အိုင်ဒေါအဖြစ် ထားရှိထားတာဖြစ်ပါတယ်။ ဂန်းနားတွေကို ဘယ်လောက်အထိ သဘောကျကြောင်း "ကျွန်တော့်အဖေကလည်း အာဆင်နယ်ကိုအားပေးတာပါ၊ ကျွန်တော်ငယ်ငယ်တုန်းက အဖေနဲ့အတူတူ အာဆင်နယ်ပွဲတွေကို ကြည့်ခဲ့တာပါ" လို့ ကွင်းလယ်ကစားသမားက ပြောပါတယ်။

သူဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဩစတြေးလျကလပ် အက်မီရာဝက်ကာနှင့်အတူ ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့တာပါ။ အဲ့ဒီနောက် ပြီးခဲ့တဲ့နွေရာသီ စပို့တင်းသို့ မပြောင်းအရွှေ့မီ ၂၀၂၁ခုနှစ်မှာ သူဟာ အီတလီကလပ် လက်စ်ချီသို့ ပြောင်းရွှေ့ခဲ့ပါတယ်။

သူဟာ လျှင်လျှင်မြန်မြန်ပဲ အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး လက်ရှိရာသီပြိုင်ပွဲစုံမှာ အသင်းအတွက် ၃၆ ပွဲ ကစားပေးထားပါတယ်။ ယူနိုက်တက်ကလည်း သူ့ကိုခေါ်ယူဖို့အတွက် စိတ်ဝင်စားခဲ့ဖူးတာဖြစ်ပါတယ်။

လက်ရှိရာသီရဲ့ ဒီနှစ်အစောပိုင်းမှာ ယူနိုက်တက်ဟာ သူ့ကိုစောင့်ကြည့်ဖို့အတွက် ကင်းထောက်တွေကို ၆ ကြိမ်အထိ စေလွှတ်ခဲ့ပါတယ်။ ဇန်နဝါရီလမှာတုန်းက သူ့ကိုခေါ်ယူဖို့အတွက် တန်ဟက်ရဲ့အသင်းဟာ ပယ်လစ္စထရီကို အလိုက်ပေးပြီး ကမ်းလှမ်းခဲ့ဖူးပါတယ်။

စပို့တင်းစတားကို ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်စတား အဲရစ်ဆင်ကတောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။

#အာဆင်နယ် #စပို့တင်း #ပရီးမီးယားလိဂ် #ဟုချ်မန်း