ရှေ့သို့
Image

ဖိုဒန်ရဲ့ ချေပဂိုးအတွက် ရက်ရှ်ဖို့ဒ်ကို အပြစ်တင်ရမယ်လို့ ပြောကြားလိုက်တဲ့ အိုဝင်

1:22 PM, 5 March

တနင်္ဂနွေနေ့က မန်ချက်စတာဒါဘီပွဲစဉ်တွင် ဖိုဒန်ရဲ့ချေပဂိုးအတွက် ရက်ရှ်ဖို့ဒ်ကိုသာ အပြစ်တင်ရမယ်လို့ အိုဝင်က ယုံကြည်နေပါတယ်။ ကိုက် ၃၀ အကွာကနေ လှပတဲ့ဂိုးကိုသွင်းယူခဲ့ပြီးနောက် မန်စီးတီးရဲ့ချေပဂိုးမှာ ရက်ရှ်ဖို့ဒ်ဟာ အပြစ်ပြောစရာဖြစ်ခဲ့ပြီး ဖိုဒန်က ဂိုးမသွင်းယူမီ တိုက်စစ်မှူးဟာ ဝေါ်ကာရဲ့ ပြစ်ဒဏ်ကျူးလွန်ခြင်းကိုခံခဲ့ရပြီး ကွင်းထဲမှာလဲကျခဲ့တာဖြစ်ပါတယ်။

မန်စီးတီးက အကောင်းဆုံးအရှိန်အဟုန်ဖြင့် ပြန်လာနိုင်ခဲ့ပြီး ဟာလန်းက တတိယမြောက်ဂိုးကို မသွင်းယူမီ ဖိုဒန်က ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့တာကြောင့် ဂွါဒီယိုလာရဲ့အသင်းဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးနှင့် ၁ မှတ်ကွာအနေအထားသို့ ရောက်ရှိသွားတာဖြစ်ပါတယ်။

မန်စီးတီးရဲ့ချေပဂိုး မရရှိမီ အငြင်းပွားဖွယ်ရာဖြစ်ရပ်ဖြစ်ခဲ့ပြီး ရက်ရှ်ဖို့ဒ် ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရသော်လည်း ကွင်းလယ်ဒိုင်က မပေးခဲ့တဲ့အတွက် တန်ဟက် ဒေါသထွက်ခဲ့ကာ နဗီးလ်ကတော့ ဒါကိုမပေးသင့်ဘူးလို့ ထင်ခဲ့ပါတယ်။ ယူနိုက်တက်တိုက်စစ်မှူးဟောင်းဖြစ်တဲ့ အိုဝင်ကလည်း အဆိုပါဖြစ်ရပ်အတွက် သူ့ရဲ့အမြင်ကို ပြောကြားခဲ့ပြီး ရက်ရှ်ဖို့ဒ်ဟာ ဘောလုံးကို လိုက်လုနေတဲ့ အနေအထားမှာမရှိဘူးလို့ ထင်နေတာဖြစ်ပါတယ်။

"ပြစ်ဒဏ်ဘော မပေးတာက မှန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်မို့ ရက်ရှ်ဖို့ဒ်က ဖြတ်ပေးတာလဲဆိုတာကို ကျွန်တော် နားမလည်မိပါဘူး။ သူက ဘောလုံးကို ထိန်းချုပ်ထားတဲ့ အနေအထားမှာမရှိပါဘူး။ သေချာတာကတော့ ပထမဆုံးအနေနဲ့ ဘောလုံးကိုထိန်းချုပ်ပြီးမှ ပြိုင်ဘက်ကိုကျော်ရမှာဖြစ်ပါတယ်" "သူဟာ ကွင်းထဲမှာ ၁ မိနစ်လောက် လဲနေခဲ့ပါတယ်။ သူဟာ ပြန်ထခဲ့မယ်ဆိုရင် အဲ့ဒီနေရာမှာရှိနေမှာပါ။ အံ့ဒီမတိုင်ခင်မှာလည်း ကွင်းထဲမှာလဲနေခြင်းမရှိပါဘူး။ ဒါကြောင့် အဲ့ဒီဂိုးကို ရက်ရှ်ဖို့ဒ်က တားဆီးခဲ့သင့်ပါတယ်" လို့ အိုဝင်က Optus Sport သို့ ပြောပါတယ်။

သူ့ရဲ့တိုက်စစ်မှူးအား ပြစ်ဒဏ်ဘောမပေးခဲ့တဲ့အပေါ် နည်းပြတန်ဟက်က ဒေါသထွက်ခဲ့ပြီး ကွင်းပြင်ကနေ ဒိုင်လူကြီးကို စောဒကတက်ခဲ့တဲ့အတွက် သူကိုယ်တိုင်လည်း အဝါကဒ် ပြသခြင်းခံခဲ့ရပါတယ်။ "ဒါဟာ ငြင်းခုံစရာကိစ္စတစ်ခုပါ။ ခံစစ်အတွက် ဆက်သွယ်မှုရှိနေတယ်လို့ ထင်ပါတယ်။ ၂-၁ ဂိုး ဖြစ်နေတဲ့အချိန်မှာ မန်စီးတီးဂိုးသမားရဲ့ မဆင်မခြင်လုပ်ရပ်လည်းပါ ပါတယ်" "အရမ်းကြီးမပြင်းထန်ပေမဲ့ ပြေးလွှားနေတဲ့အချိန် ထိမိခဲ့တဲ့အတွက် ဟန်ချက်ပျက်သွားတာဖြစ်ပါတယ်" လို့ သူက Sky Sports သို့ ပြောပါတယ်။

အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောကြားပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဝေါ်ကာကတော့ ငြင်းဆိုခဲ့ပါတယ်" "ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင်နောက်ကို လှည့်မကြည့်ခဲ့ပါဘူး။ ပုံမှန်လုပ်နေကျအတိုင်းပဲလုပ်ခဲ့တာပါ ကွင်းလယ်ဒိုင်ကလည်း ဒါကို VAR မှာ စစ်ခဲ့ပါတယ်။ ဒါက စည်းမျဉ်းစည်းကမ်းမဟုတ်ပါဘူး"လို့ ဝေါ်ကာက ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရက်ရှ်ဖို့ဒ် #ဖိုဒန် #မိုက်ကယ်အိုဝင် #ပရီးမီးယားလိဂ်