ရှေ့သို့
Image

ဖောရက်စ်အား အနိုင်ရရှိခဲ့တဲ့ပွဲမှာ လီဗာပူးက ကွင်းလယ်ဒိုင်ရဲ့ အမှားကနေ အမြတ်ရခဲ့တယ်လို့ ပြောကြားလိုက်တဲ့ မာ့ခ်ကလက်တန်ဘက်

1:48 PM, 4 March

နူနက်ရဲ့ နာကျင်အချိန်ပိုသွင်းဂိုးကြောင့် ကလော့ပ်ရဲ့အသင်းဟာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ထိပ်ဆုံးမှာ အမှတ်သာဖြင့် ဦးဆောင်နိုင်နေပါတယ်။

နူနက်ဇ်ရဲ့အနိုင်ဂိုးအတွက် စတင်ရာတွင် ဖောရက်စ်အတွက် နစ်နာမှုများရှိခဲ့ပြီး ကိုနာတေက ခေါင်းဒဏ်ရာကြောင့် ကွင်းထဲမှာလဲကျသွားပြီးနောက်မှာတော့ အိုဒွိုင်းက ဘောလုံးရရှိခဲ့ပါတယ်။ ပွဲသိမ်းခရာမှုတ်ပြီးနောက်မှာတော့ ဖောရက်စ်အသင်းပိုင်ရှင် မာရင်နက်ကစ်က ကွင်းလယ်ဒိုင်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သလို ဖောရက်စ်နည်းပြကလည်း စောဒကတက်ခဲ့တာကြောင့် တိုက်ရိုက်အနီကဒ် ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒိုင်လူကြီးတွေရဲ့ လုပ်ဆောင်မှုကို သုံးသပ်ဖို့အတွက် မာရင်နက်ကစ် ကလက်တန်ဘက်ကို ပြီးခဲ့တဲ့လတုန်းက ဖောရက်စ်သို့ ခေါ်ယူခဲ့တာဖြစ်ပြီး လီဗာပူးအား ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ တီယာနေးအနေနဲ့ အမှားလုပ်ခဲ့ပါတယ်လို့ ပရီးမီးယားလိဂ်ကွင်းလယ်ဒိုင်က ပြောကြားခဲ့ပါတယ်။

"စည်းမျဉ်းဆိုတာက တော်တော်လေးရှင်းပါတယ်" "ခေါင်းဒဏ်ရာ ရရှိတယ်လို့ ထင်တယ်ဆိုရင် ကွင်းလယ်ဒိုင်ဟာ ပွဲကိုရပ်တန့်ခွင့်ရှိတယ်လို့ စည်းမျဉ်းမှာ ဖော်ပြထားပါတယ်။ သို့သော်လည်း ဘောလုံးက အဲ့ဒီအသင်းဆီသို့ရောက်ရှိသွားပါတယ်။ နော်တင်ဟမ်ဖောရက်က ရှင်းရှင်းလင်းလင်းကြီး ဘောလုံးရရှိခဲ့တာပါ" "နော်တင်ဟမ်ဖောရက်စ်အနေနဲ့ ဘောလုံးကို ပြန်လည်ရရှိခဲ့သင့်ပါတယ်။ ဒီလိုသာရရှိခဲ့မယ်ဆိုရင် ပွဲကလုံးဝကြီးကို ကွဲပြားခြားနားသွားမှာပါ။ လီဗာပူးကပြန်လည်တိုက်စစ်ဆင်ခဲ့ပြီးတော့ ဂိုးရရှိခဲ့တာပါ" "စိတ်ပျက်လက်ပျက်ဖြစ်မှာကို နားလည်မှာပါ။ လက်ရှိအချိန်မှာ မြင်မိတာကတော့ ဖြစ်ပျက်နေတာတွေက နော်တင်ဟမ်ဖောရက်စ်အတွက် ဆန့်ကျင်ဘက်ဖြစ်နေပါတယ်" "စကားများခဲ့တဲ့အတွက် အသင်းပိုင်ရှင်က တော်တော်လေးကို ဒေါသထွက်ခဲ့တာပါ။ သူဟာ ကလပ်အတွက် များစွာရင်းနှီးမြှပ်နှံထားတာဖြစ်တာကြောင့် ရလဒ်တစ်ခုကို ရချင်တာပါ။ အသင်းအတွက် ဆန့်ကျင်ဘက်ဆုံးဖြတ်တစ်ခုဖြစ်တယ်လို့ ခံစားနေရတာပါ။ ဒါကြောင့်ပဲ သူက ဒေါသထွက်ခဲ့တာပါ။ အားလုံးလည်း ဒေါသထွက်မယ်လို့ထင်ပါတယ်။ နောက်လာမယ့်ပွဲတွေမှာ ကံကောင်းဖို့အတွက်သာ မျှော်လင့်မိပါတယ်" လို့ ကလက်တန်ဘက်က ပြောပါတယ်။

ဒီလိုအဖြစ်အပျက်မျိုးကလည်း ပထမပိုင်းမှာဖြစ်ခဲ့ပါတယ်လို့ ကလော့ပ်က ပွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။ "ပထမပိုင်းမှာလည်း ဒီလိုပုံစံမျိုး အတိအကျဖြစ်ခဲ့တာ မဟုတ်ဘူးလား။ အတူတူပါပဲ ဟုတ်တယ်မလား။ အဲ့ဒါနဲ့ပတ်သက်ပြီး ဘယ်လိုများပြောသချင်တာလဲ" "ပထမပိုင်းတုန်းကလည်း အဲ့ဒီလိုဖြစ်ခဲ့တာပါ။ မဖြစ်ခဲ့ဘူးဆိုရင်တော့ ကျွန်တော်လည်း မေးခွန်းထုတ်မိမှာ အမှန်ပါပဲ။ အခု ကျွန်တော်လည်း အဲ့ဒီစည်းမျဉ်းကို သတိရမိပါတယ်" "ကျွန်တော်လည်း သေချာပေါက်မသိပါဘူး နှစ်ကြိမ်လောက် ဖြစ်ခဲ့တာကြောင့်ပါ" "ဂိုးသွားဖို့အတွက် ဘောလုံးထိချက် ဘယ်လောက်ထိသွားလဲဆိုတာကို ကျွန်တော်သေချာမသိတဲ့အတွက် အဲ့ဒါနဲ့ပတ်သက်ပြီး မဆွေးနေးချင်ပါဘူး။ နော်တင်ဖောရက်စ်ရဲ့ ဒေါသထွက်မှုကို ကျွန်တော်လည်း နားလည်မိပါတယ်"  "သူတို့တွေက ကြိုးစားကစားခဲ့တာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးက နှစ်ကြိမ်စလုံး တူညီစွာဖြစ်ခဲ့တာကိုပဲ ပြောချင်ပါတယ်" လို့ ကလော့ပ်က ပြောပါတယ်။

#ကိုနာတေး #နောတင်ဟမ်ဖောရက်စ် #ကလက်တန်ဘတ် #နူနက်စ်