ရှေ့သို့
Image

ဂါလာတာစာရေးစတား ဇာဟာကို စောင့်ကြည့်နေကြတဲ့ ပရီးမီးယားလိဂ်ကလပ်များ

12:52 PM, 4 March

တူရကီတွင် တစ်ရာသီကြာကစားပြီးနောက် ဇာဟာက ပရီးမီးယားလိဂ်သို့ ပြန်လာဖို့ရှိနေကာ အင်္ဂလိပ်ကလပ် ၄ ခုက သူ့ကို စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

ပဲလေ့စ်နှင့် စာချုပ်သက်တမ်းတို့ဖို့ ငြင်းဆိုပြီး လက်ရှိရာသီအစောပိုင်းက တူရကီသို့ ထွက်ခွာသွားတဲ့ ယူနိုက်တက်နှင့် ပဲလေ့စ်တို့ရဲ့ တောင်ပံကစားသမားဟောင်းဟာ ၂၀၂၄-၂၅ ပရီးမီးယားလိဂ် ရာသီမတိုင်မီ အင်္ဂလန်သို့ ပြန်လာဖို့ရှိနေပါတယ်။ ဂျာနယ်လစ် ကွန်နာရဲ့ ဖော်ပြချက်အရ အင်္ဂလိပ်ကလပ် ၄ ခုဖြစ်တဲ့ ဖူလ်ဟမ်၊ အဲဗာတန်၊ ဝက်စ်ဟမ်းနှင့် ဝုဗ်တို့ဟာ ဂါလာတာစာရေးစတားကို စောင့်ကြည့်နေကြပြီး နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက ဝက်စ်ဟမ်းနှင့် ဗီလာတို့ဟာ ကစားသမားအတွက် စုံစမ်းမှုများပြုလုပ်ခဲ့ပြီး အဲ့ဒီအချိန်တုန်းက ဇာဟာက ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ကာ အနည်းဆုံးတော့ တူရကီကလပ်မှာ တစ်ရာသီပြည့် နေသွားချင်နေတာဖြစ်ပါတယ်လို့ talkSPORT က ဖော်ပြထားပါတယ်။ ပထမဆုံးရာသီမှာပင် အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ တူရကီကလပ်အတွက် ခြေစွမ်းတည်စွာ ကစားပြထားပါတယ်။

ပြိုင်ပွဲစုံ ၃၅ ပွဲ ကစားထားပြီး ၁၀ ဂိုး သွင်းကာ ၅ ဂိုး ဖန်တီးပေးထားပါတယ်။ အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်းဟာ တနင်္ဂနွေနေ့မှာ တူရကီစူပါလိဂ်ရဲ့ ပြိုင်ပွဲအဖြစ် ဘက်ဆစ်တပ်နှင့် ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

#ဂါလာတာစာရေး #ဇာဟာ #ပရီးမီးယားလိဂ်