ရှေ့သို့
Image

အသက် ၃၅ နှစ်ကျော် ကမ္ဘာ့ဖလားကျင်းပခွင့်ရဖို့ ထိပ်ဆုံးကဦးဆောင်နေတဲ့ နယူးကာဆယ်အိမ်ကွင်း

10:28 AM, 3 March

လာမယ့်ဇွန်လထဲ အင်္ဂလန်မြေမှာ အသက် ၃၅ နှစ်ကျော်ကမ္ဘာ့ဖလားကျင်းပမှာဖြစ်ပြီး နယူးကာဆယ်အသင်းအိမ်ကွင်းက အဆိုပါပြိုင်ပွဲကိုလက်ခံကျင်းပခွင့်ရဖို့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

ဂန္ထဝင်ကစားသမားတွေပါဝင်တဲ့ အဆိုပါကမ္ဘာ့ဖားပြိုင်ပွဲကို နယူးကာဆယ် နဲ့ နယူးကာဆယ်ကောင်စီတို့က ကျင်းပဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။


အဆိုပါပြိုင်ပွဲမှာ အင်္ဂလန် ၊ အာဂျင်တီးနား ၊ ဘရာဇီး ၊ ပြင်သစ် ၊ ဂျာမနီ ၊ အီတလီ ၊ စပိန် နဲ့ ဥရုဂွေးအသင်းတွေ ပါဝင်မှာဖြစ်ပါတယ်။

ကစားသမားတွေကတော့ သက်ဆိုင်ရာအသင်းတွေကိုယ်စားပြုတဲ့အသက် ၃၅ နှစ် နဲ့ ၃၅ နှစ်ကျော် ဒါမှမဟုတ် သက်ဆိုင်ရာနိုင်ငံအတွက် ပွဲပေါင်း ၁၀၀ ပါဝင်ကစားပေးထားတဲ့သူတွေဖြစ်ရမှာဖြစ်ပါတယ်။


အဆိုပါ ၈ သင်းစလုံးဟာ ပြိုင်ပွဲအတွက် သက်ဆိုင်ရာအသင်းခေါင်းဆောင်တွေရွေးချယ်ပြီးဖြစ်တယ်လို့ သိရပါတယ်။ 

အသင်းခေါင်းဆောင်တွေအဖြစ် မက်မန်နာမန် (အင်္ဂလန်) ၊ ကမ်ဘီယာဆို (အာဂျင်တီးနား) ၊ အီမာဆင် (ဘရာဇီး) ၊ ကာရင်ဘူ (ပြင်သစ်) ၊ ကူရန်ညီ (ဂျာမနီ) ၊ မာတာရာဇီ (အီတလီ) ၊ ဆယ်လ်ဂါဒို (စပိန်) ၊ လူဂါနို (ဥရုဂွေး)တို့ ဖြစ်ပါတယ်။


အပြီးသတ် ၁၈ ယောက်လူစာရင်းကိုတော့ မကြာခင်မှာ ကြေညာဖွယ်ရှိနေပါတယ်။ ပြိုင်ပွဲအတွက် ရက်မသတ်မှတ်ရသေးပေမယ့် ဇွန်လ ၁၁ ရက်နေ့ ဒါမှမဟုတ် ၁၂ ရက်နေ့မှာ စတင်ကန်မှာဖြစ်ပါတယ်။


#ဘရာဇီး #အာဂျင်တီးနား #ပြင်သစ် #နယူးကာဆယ် #ကမ္ဘာ့ဖလားခြေစစ်ပွဲ