ရှေ့သို့
Image

ဗလန်စီယာနဲ့ပွဲမှာ အနီကတ်ထိခဲ့တဲ့ ဘယ်လင်ဟမ်ဘက်ကနေ ကာကွယ်ပြောကြားခဲ့တဲ့ အန်ဆယ်လော့တီ

10:09 AM, 3 March

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက မနေ့ည ဗလန်စီယာနဲ့ပွဲမှာ ဘယ်လင်ဟမ်က ကွင်းလယ်ဒိုင်ကို စော်ကားခဲ့တာမဟုတ်ကြောင်း ပြောကာ အင်္ဂလန်သားကို ကာကွယ်ပေးခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ ပွဲချိန် နောက်ဆုံးမိနစ်မှာ ဒီယက်ဇ်ရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့ပေမယ့် ကွင်းလယ်ဒိုင် မန်ဇာနိုက ဘောလုံးလေထဲမှာရှိနေချိန် ပွဲသိမ်းခရာမှုတ်ပစ်ခဲ့ပါတယ်။


သတင်းတွေထဲမှာတော့ ဘယ်လင်ဟမ်က "ဒါက ဂိုးဝင်သွားတာလေကွာ။ ဘောလုံးက လေထဲမှာရှိနေတာ။ မင်း ဘာလို့ ဝီစီမှုတ်လိုက်တာလဲ"ဆိုပြီး ပြောခဲ့တယ်လို့ သိရပါတယ်။

မန်ဇာနိုက ဘယ်လင်ဟမ်ရဲ့ ဆဲဆိုမှုကို ကြားသွားခဲ့ပြီးနောက် အင်္ဂလန်သားကို ချက်ချင်းဆိုသလို အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။


ပွဲအပြီးမှာတော့ အန်ဆယ်လော့တီက ဒေါသအလျှောက် ပြုမူခဲ့တဲ့ ကွင်းလယ်လူဘက်ကနေ ကာကွယ်ပြောကြားသွားခဲ့ပါတယ်။

အန်ဆယ်လော့တီက "ဒီအကြောင်း ဘာမှသိပ်ပြောစရာမရှိပါဘူး။ မဖြစ်သင့်တဲ့ဟာတစ်ခု ဖြစ်သွားပါတယ်။ ပွဲက ဗလန်စီယာ ဘောလုံးရသွားကတည်းက ပြီးဆုံးသွားရမှာလို့ ထင်ပါတယ်။


ဘယ်လင်ဟမ်က ကွင်းလယ်ဒိုင်ကို စော်ကားခဲ့တာ မဟုတ်ပါဘူး။ ဒါက ဂိုးလေဆိုပြီး ပြောခဲ့တာပါ။ သူ မစော်ကားခဲ့ပါဘူး။ ကွင်းလယ်ဒိုင်က ပွဲတွင်းအစီရင်ခံစာမှာ ဘာရေးမလဲဆိုတာ ကြည့်ရပါဦးမယ်။ ကစားသမားတွေ့ ပေါက်ကွဲနေခဲ့ကြလို့ ကျွန်တော်တို့ ချော့ခဲ့ရပါသေးတယ်။ ဗုဒ္ဓဟူးညမှာ အရေးကြီးပွဲစဉ်ရှိသေးတယ်လေ။"လို့ ပြောခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ အနီကတ်ပြစ်ဒဏ်အပေါ် အယူခံမအောင်ခဲ့ရင်တော့ လာမယ့်အပတ် ဆဲလ်တာဗီဂိုနဲ့ပွဲကို လွဲချော်ဖို့ရှိနေပါတယ်။ 

ဒါပေမယ့် ကြားရက် လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဘယ်လင်ဟမ်တစ်ယောက် ဝင်ကစားနိုင်မှာ ဖြစ်ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ