ရှေ့သို့
Image

နာဂယ်စမန်းကို စိတ်ဝင်စားနေတာက မိမိကိုအကျိုးသက်ရောက်စေမှာမဟုတ်ကြောင်း အက်ဒီဟိုဝီ အခိုင်အမာဆို

12:45 PM, 2 March

နယူးကာဆယ်နည်းပြ ဟိုဝီက မိမိတို့အသင်းအနေနဲ့ နာဂယ်စမန်းကို စိတ်ဝင်စားနေတာက မိမိရာထူးနေရာကို အကျိုးသက်ရောက်စေမှာမဟုတ်ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

သတင်းတွေအရ ဟိုဝီရဲ့ရာထူးအခြေအနေဟာ လုံခြုံမှုရှိသိသလို အသင်းပိုင်ရှင်တွေကလည်း သူ့ကိုကာလရှည်ဆက်ထိန်းထားဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။


ဒါပေမယ့် အခြားနည်းပြတွေကို ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေက ထွက်ပေါ်နေဆဲဖြစ်ပါတယ်။ “အမှန်တကယ်တော့ အဲ့တာက ကျွန်တော့်အပေါ်အကျိုးသက်ရောက်မှုမရှိပါဘူး။ ကျွန်တော် ဒီမှာရှိနေဆဲဖြစ်သလို ကျွန်တော့်အနာဂတ်ကလည်း ဒီအသင်းမှာဆက်ရှိနေပါတယ်။


ကျွန်တော့်ကိုယ်ကျွန်တော် ဆက်လက်သက်သေပြမှာပါ။ ကျွန်တော့်ကိုယ်ကျွန်တော်ထောက်ခံမှုရှိသလို ကျွန်တော့်အရည်အချင်းကိုလည်း ယုံပါတယ်။ ကျွန်တော့်စွမ်းဆောင်ရည်ကို ကျွန်တော်သိပါတယ်။

ဒီအလုပ်အတွက် ဘာလုပ်ဆောင်ရမလဲဆိုတာ သိသလို အသင်းအတွက်လည်း ရည်မှန်းချက်ရှိပြီးသားပါ။ လူတွေဘာတွေရေးနေလဲဆိုတာရယ် ဒီသတင်းတွေဘယ်လိုထွက်နေလဲဆိုတာ ကျွန်တော် မထိန်းချုပ်နိုင်ပါဘူး။


ဒီထဲမှာ ပါဝင်ဖို့ ကျွန်တော်မကြိုးစားပါဘူး”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ တိုနယ်လီကစားခွင့်အပိတ်ခံရမှုနဲ့အတူ ဒဏ်ရာပြဿနာတွေကြောင့် အဆင့် ၁၀ နေရာအထိ ကျဆင်းခဲ့ပါတယ်။

အက်ဖ်အေဖလားမှာတော့ ကွာတားဖိုင်နယ်တက်ရောက်ထားနိုင်ခဲ့ကာ မန်စီးတီးနဲ့တွေ့ဆုံနေပါတယ်။ ဟိုဝီက ဒီစိန်ခေါ်မှုတွေဟာာ သူနဲ့အသင်းအတွက် တိုးတက်လာစေတယ်လို့ ဆိုပါတယ်။ “အဲ့တာက ကျွန်တော်တို့အတွက် ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီလိုအရာတွေကြောင့် နားလည်လာတာတွေရှိပါတယ်။

လူတွေရဲ့ပါးစပ်ဖျားမှာ ဒီစကားတွေ မတင်စေချင်ပါဘူး။ ဒါပေမယ့် ဒီရာသီဘယ်လောက်ခက်ခဲလဲဆိုတာ သူတို့မြင်ရပါတယ်”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။


နယူးကာဆယ်ဟာ လာမယ့်စနေနေ့မှာ ဝုဗ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး နောက်ဆုံး ၄ ပွဲမှာ ၂ မှတ်သာရယူထားနိုင်ခဲ့ပါတယ်။ 

“စွမ်းဆောင်ရည်အကောင်းဆုံးပဲ ကျွန်တော်မြင်ချင်တာပါ။ ကျွန်တော် အသင်းကိုစုစည်းမှုရှိပြီး ဘောလုံးရှိချိန်မှာကော မရှိချိန်မှာပါတည်ငြိမ်မှုရှိတဲ့အသင်းကို မြင်ချင်တာပါ။

အဲ့တာက အခုအချိန်ခနလေးအတွက်ပဲမဟုတ်ပါဘူး။ ကျွန်တော့်အတွက်တင်မဟုတ်ပဲ လူတိုင်းအတွက် စိတ်ပျက်စရာပါ။ အားလုံးက စွမ်းဆောင်ရည်အကြောင်းပါပဲ။ တကယ်လို့ကျွန်တော်တို့ အစစ်အမှန်ကိုပြသနိုင်မယ်ဆိုရင် ရလဒ်တွေထွက်လာမှာပါ။


ဒါပေမယ့် တစ်ချို့အချိန်တွေမှာ ခင်ဗျားအနေနဲ့ နိုင်ပွဲရဖို့ နည်းလမ်းရှာရမှာပါ။ ကျွန်တော်တို့ အခုလက်ရှိမှာ ရလဒ်တွေဆိုးဝါးနေပါတယ်။ တည်ငြိမ်မှုရှိရှိနဲ့ နိုင်ပွဲတွေစတင်ယူဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ အသင်းမှာရှိတဲ့လူတိုင်း အဲ့တာကို လိုချင်တာပါ။

ကျွန်တော်အဲ့တာကို သံသယမရှိပါဘူး။ အသန်မာဆုံး နဲ့ နယူးကာဆယ်အစစ်အမှန်ကို မြင်ရဖို့ ပြန်လာမှာပါ”လို့ ဟိုဝီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#နယူးကာဆယ် #နာဂယ်စ်မန်း #ပရီးမီးယားလိဂ်