ရှေ့သို့
Image

ACLဒဏ်ရာခွဲစိတ်မှုအပြီး ပရိသတ်တွေအတွက် မက်ဆေ့ခ်ျတစ်စောင့် ပေးပို့လိုက်တဲ့ နေမာ

10:57 AM, 1 March

ဒူးအရွတ်စုတ်ပြဲဒဏ်ရာခွဲစိတ်မှုကနေ ပြန်ကောင်းအောင်လုပ်နေချိန်မှာ နေမာက အနာမခံလျှင် အသာမစံရ ဆိုတဲ့ မက်ဆေ့ချ်တစ်စောင်ပေးပို့ခဲ့ပြီး ပြန်ကစားနိုင်ဖို့ရှိနေတာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ဘရာဇီးအသင်း အတွက် ကစားပေးစဉ် ဒူးအရွတ်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဥရုဂွေးကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မျက်ရည်ဝဲကာ ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း လျင်မြန်စွာ ထုတ်ဖော်ပြောကြားခဲ့ပြီး ကာလရှည်စေမယ့် ပြန်လည်လုပ်ဆောင်မှုမစတင်မီ ခွဲစိတ်ကုသမှုခံယူရမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နေမာဟာ ၄ လအကြာ အနားယူခဲ့ပြီးနောက် တတ်နိုင်သမျှ မြန်မြန်ပြန်လာစေရန် သေချာစေဖို့အတွက် နောက်ကွယ်တွင် ကြိုးစားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘရာဇီးကြယ်ပွင့်ဟာ အားကစားခန်းမမှာ လေ့ကျင့်မှုမလုပ်နိုင်သေးတာဖြစ်ပါတယ်။

သူဟာ " အနာမခံလျှင် အသာမစံရ" ဆိုတဲ့ စကားကို ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ခဲ့ပြီး တောင်အမေရိကနိုင်ငံသားဟာ နောက်တစ်ကြိမ်ပြန်လည်ကစားရန် သူ့ရဲ့ခန္ဓာကိုယ်ကို ကန့်သတ်ချက်တစ်ခုသို့ တွန်းပို့ရန် ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာနှင့် ပီအက်စ်ဂျီစူပါစတားဟောင်းဟာ ဆော်ဒီပရိုလိဂ်ကလပ်သို့ ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ၂ နှစ် စာချုပ်ဖြင့် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ကလပ်အဆင့်မှာ သူ့ရဲ့အနာဂတ်ကို မေးခွန်းထုတ်စရာရှိနေတာကြောင့် အယ်လ်ဟီလယ်အတွက် ပြန်ကစားမယ့်အချိန်ကို စောင့်ကြည့်ရမှာပါ။

အဆိုပါမျှော်လင့်ချက်မှာ ကံဆိုးစွာပဲ ဒဏ်ရာကြောင့် ယခုနွေရာသီ အမေရိကန်မှာ ကျင်းပမယ့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် ဘရာဇီးအသင်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်ရန်မယ့်အရေးအတွက် တားဆီးဖြစ်နိုင်တယ်လို့ ထင်ရပါတယ်။

#ဘရာဇီး #နေမာ