ရှေ့သို့
Image

မူဒရစ်အား ဘယ်လိုအကောင်းဆုံး အသုံးပြုရမလဲဆိုတာ ပြောပြလိုက်တဲ့ ရှက်တာဒိုးနက်

11:42 AM, 29 February

မူဒရစ်ရဲ့ အကောင်းဆုံးပုံစံတွေကို ဘယ်လိုရယူရမလဲဆိုတာ ချဲလ်ဆီးနည်းပြ ပိုချက်တီနိုအား ရှက်တာဒိုးနက် စီးအီးအိုက အကြံပေးလိုက်ပါတယ်။

ယူကရိန်းလူငယ်ကစားသမားကို အနီးကပ်မြင်တွေ့ခဲ့ရပြီး ပြိုင်ဘက်ကင်းတဲ့ အရည်အချင်းရှိသူလို့ ယုံကြည်နေဆဲ တောင်ပံကစားသမားထံမှ အကောင်းဆုံးပုံစံအား ဘယ်လိုရယူရမလဲဆိုတာကို စီးအီးအိုက အတိအကျသိကြောင်း ပြောကြားခဲ့ပါတယ်။ မူဒရစ်အား တစ်ကြိမ်မှာ တစ်ခုအတွက်သာ ပိုသုံးပေးရန် အကြံပေးခဲ့ပြီး ဒါဟာ ကစားသမားကို ပိုကောင်းအောင် လုပ်ဆောင်ရန် ကူညီပေးသလိုဖြစ်ပါတယ်လို့ သူက ပြောဆိုထားပါတယ်။

beIN SPORTS သို့ ပယ်လ်ကင်က "ကျွန်တော့်အတွက်ကတော့ မူဒရစ်က ကမ္ဘာပေါ်မှာ အရည်အချင်းအရှိဆုံးနဲ့ အထူးခြားဆုံးကစားသမားလို့ ကျွန်တော်ပြောနိုင်ပါတယ်" "သူတို့မျှော်လင့်ထားတဲ့အတိုင်း သူ့ဆီကနေ အများကြီးရဖို့အတွက် ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ ပြီးတော့ ဒီရင်းနှီးမြုပ်နှံမှုတွေက ငွေမဟုတ်ပါဘူး" "ရင်းနှီးမြုပ်နှံမှုက နည်းပြအဖွဲ့ဝင်တွေက သူနဲ့ ဆက်သွယ်ပြီး မူဒရစ်နဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ဖို့ အချိန်ပါပဲ" "သူဟာ ငယ်ရွယ်တဲ့ လူငယ်တစ်ဦးဖြစ်ပြီး အင်္ဂလန် ပရီးမီးယားလိဂ်သို့ ယူကရိန်းချန်ပီယံရှစ်ကနေ ပြောင်းခဲ့သူပါ။ ဒါဟာ ဘောလုံးအဆင့်အတန်းအရ လုံးဝကွာခြားတဲ့နေရာဖြစ်ပါတယ်" "နည်းပြအဖွဲ့ဝင်တွေက သူ့အတွက် အချိန်တစ်ခုပေးရင် နောက်ထပ် သုံးလေးငါးဆလောက် ပြန်ရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ပြောပါတယ်။


၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ယူကရိန်းမှ အင်္ဂလန်သို့ ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်း (ဒေါ်လာ ၁၀၉ သန်း) ဖြင့် ရောက်လာကတည်းက အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ၄၄ ပွဲတွင် ၁၂ ဂိုးသွင်း ၁၇ ဂိုး ဖန်တီးခဲ့တဲ့ ရှက်တာဒိုးနက်မှာလို ခြေစွမ်းပြသနိုင်ခြင်းမရှိပါဘူး။ အနောက်လန်ဒန်ကလပ်တွင် သူ့ရဲ့ ပထမဆုံး ၆ လအတွင်း မူဒရစ်ဟာ ဂိုးမသွင်းနိုင်ခဲ့ဘဲ ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ် ၁၉ ပွဲတွင် ၃ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

ယူကရိန်းလက်ရွေးစင် ကစားသမားဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် ချဲလ်ဆီးအသင်းက အဆိုပါအပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့ပါတယ်။ မနှစ်ကခေါ်ယူဖို့ အပြောင်းအရွှေ့မှာ ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်ကလည်း ကစားသမားကို ပြန်လည်စိတ်ဝင်စားမှုရှိလာကြောင်း လတ်တလော သတင်းတွေအရ သိရပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ပရီးမီးယားလိဂ် #မူဒရစ်