ရှေ့သို့
Image

ဘောလုံးပြန်ကစားနိုင်တယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို ငြင်းဆိုလိုက်တဲ့ အဂူရို

11:38 AM, 28 February

အာဂျင်တီးနားကလပ် Independiente နဲ့ လေ့ကျင့်မယ် ဆိုတဲ့ သတင်းတွေကို အဂူရိုက ငြင်းဆိုလိုက်ပါတယ်။
အာဂျင်တီးနား တိုက်စစ်မှူးဟောင်းဟာ နှလုံးရောဂါကြောင့် အသက် ၃၃ နှစ်အရွယ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဘာစီလိုနာအတွက်ကစားပေးရင်း ဘောလုံးလောကမှ အနားယူခဲ့ပါတယ်။

"ဒါဟာ လုံးဝလိမ်ညာနေတဲ့ သတင်းတွေပါ။ ကျွန်တော်က Independiente နဲ့ လေ့ကျင့်မှာ မဟုတ်ပါဘူး" "တခါတရံမှာ အကြောင်းအရာတွေကို ထွင်ပြီး ပြောနေကြပါတယ်။ ကျွန်တော် နေကောင်းပါတယ်၊ ကျန်းမာဖို့ အရေးကြီးတယ်လို့ နှလုံးအထူးကုဆရာဝန်ကလည်း ထပ်လောင်းပြောခဲ့ပါတယ်။ ဒါပေမယ့် ပထမတန်းအဆင့်မှာ လေ့ကျင့်ရေး ပြန်ဆင်းဖို့အတွက်တော့ စမ်းသပ်မှုတွေ အများကြီးလုပ်ရာမှာပါ" လို့ သူက ပြောပါတယ်။

မန်စီးတီးအသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ အဂူရိုဟာ Independiente တွင် ဆယ်ကျော်သက်ကစားသမားဘဝမှ စတင်ကစားခဲ့တာဖြစ်ပါတယ်။ Independiente နည်းပြ ကားလို့စ်တီဗက်ဇ်က သူ့ကို ခေါ်လာခဲ့ရင် နှလုံးအထူးကုဆရာဝန်နဲ့ တိုင်ပင်ရလိမ့်မယ်လို့ မကြာသေးမီက Twitch သို့ ပြောကြားခဲ့ပါတယ်။

တီဗက်ဇ်က သူ့ရဲ့အသင်းကနေ အဂူရိုကို နွေးထွေးစွာ ကြိုဆိုမယ်လို့လည်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
"၁၀ မိနစ် ၁၅ မိနစ်လောက် ရရှိမယ်ဆိုရင်တောင် ဘယ်သူက အဂူရိုကို မလိုချင်မှာလဲ။ ပထမဆုံး ကျွန်တော့် အသင်းဖော်တစ်ယောက်အနေနဲ့ အခု နည်းပြတစ်ယောက် အနေနဲ့ပါ" လို့ တီဗက်ဇ်က သူ့ရဲ့ မန်စီးတီးနဲ့ အာဂျင်တီးနား အသင်းဖော်ဟောင်းနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

#အဂူရို #အာဂျင်တီးနား