ရှေ့သို့
Image

ကာရာဘောင်ဖလားပွဲမှာ ဂရာဗန်ဘက်ချ်အား ကြမ်းတမ်းစွာဖြတ်ထုတ်ခဲ့တဲ့ ကိုင်စီဒိုကို ဝေဖန်လိုက်တဲ့ ရော်ဘတ်ဆန်

11:02 AM, 27 February

ဖိုင်နယ်ပွဲစဉ်ရဲ့ အချိန်ပို ၂၈ မိနစ်တွင် ဗန်ဒိုက်က ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် လီဗာပူးဟာ ၁၀ ကြိမ်မြောက် လိဂ်ဖလားကို ရရှိခဲ့ပြီး ကလော့ပ်ရဲ့နောက်ဆုံးရာသီမှာ ဆုဖလား ၄ လုံးရရှိဖို့ မျှော်လင့်ချက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

၆၄ ကြိမ်မြောက် လိဂ်ဖလား ဖိုင်နယ်မှာ အငြင်းပွားဖွယ်ရာ အခိုက်အတန့်တွေနဲ့ ပြည့်နှက်နေပြီး ဗန်ဒိုက်နှင့် စတာလင်တို့ နှစ်ဦးစလုံးရဲ့ ပထမသွင်းဂိုးတွေဟာ လူကျွံဘော အဖြစ်သာ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ကလော့ပ်ကတော့ လီဗာပူးအတွက် ၈ ခုမြောက် ဆုဖလားကို ရယူနိုင်ချိန်မှာ ပျော်ရွှင်မှုအပြည့်ဖြင့် အောင်ပွဲခံခဲ့သော်လည်း ဂရာဗန်ဘက်ချ်ရဲ့ ပထမပိုင်းမရရှိခဲ့တဲ့ ဒဏ်ရာက နိုင်ပွဲအတွက် အပြည့်အဝ မပျော်စေနိုင်ခဲ့ပါဘူး။

ပွဲအပြီး Sky Sports နှင့် အင်တာဗျူးတွင် လီဗာပူးနည်းပြက ဂရာဗန်ဘက်ခ်ျရဲ့ ခြေကျင်းဝတ် အရွတ်များ ထိခိုက်မှုရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး နယ်သာလန်ကွင်းလယ်ကစားသမားကို ပွဲအပြီးတွင် ချိုင်းထောက်ဖြင့်ရပ်နေခဲ့တဲ့ကို တွေ့ခဲ့ရပါတယ်။

"နှစ်သင်းစလုံးက အပြင်းအထန် ပြိုင်ဆိုင်ကြပြီး ဒိုင်လူကြီးကတော့ ပွဲကိုထိန်းချုပ်နိုင်တဲ့ အဆင့်အတန်းမျိုးမရှိပါဘူး" "အဲ့ဒီလိုပြောမိတဲ့အတွက် တောင်းပန်ပါတယ်။ အဲဒါကို ဇာတ်လမ်းဖန်တီးမယ်ဆိုတာ အခု ကျွန်တော် သိနေပေမယ့် လူတိုင်းက အဲဒါကို မြင်ပါတယ်" "ဒါဟာ အပြစ်ဒဏ်ကျူးလွန်ရုံတင်မကပါဘူး။ ကွင်းလယ်ဒိုင်က ဝီစီကိုတောင် မမှုတ်ခဲ့ပါဘူး။ အဲဒီအခါ စတုတ္ထဒိုင်လူကြီးက အရေးမယူရတဲ့အကြောင်းကို ရှင်းပြပါတယ်။ အိုး၊ ကောင်းတဲ့အကြံဉာဏ်တွေပါ" "ဒီကစားသမားတွေကပဲ အရမ်းမြန်လား ဒါမှမဟုတ် သူတို့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော် သေချာမသိပေမယ့် ဒီအခြေအနေက သိသာပါတယ်။ ချဲလ်ဆီးကစားသမားက ခြေကျင်းဝတ်ကို နင်းနေတာကို တွေ့လိုက်ရတယ်၊ အဲဒါက အဝါကဒ်ပြသဖို့အတွက် လိုအပ်တဲ့အရာပါပဲ" "ဒဏ်ရာအရမ်းကြီးမဆိုးဖို့ မျှော်လင့်မိပါတယ်။ သူတို့က ဓာတ်မှန်ရိုက်ထားပြီး အရိုးမကျိုးသွားပေမယ့် အရွတ်တွေမှာ ဒဏ်ရာတစ်ခုခုတော့ ရသွားပါပြီ။ အဲ့ဒါကလွဲပြီး ကျန်တာအားလုံးက တကယ်ကောင်းပါတယ်" လို့ ကလော့ပ်က Sky Sports သို့ ပြောပါတယ်။

လီဗာပူးနောက်ခံလူ ရောဘတ်ဆန်က ကိုင်စီဒိုရဲ့ ဖြတ်ထုတ်မှုအပေါ် အလားတူ ထိတ်လန့်သွားခဲ့ပြီး သူ့ရဲ့အသင်းဖော်အတွက် စိုးရိမ်သွားခဲ့မိကြောင်း Sky Sports သို့ ပြောကြားခဲ့ပါတယ်။

"ဂရာဗန်ဘက်ချ်ရဲ့ ဒဏ်ရာက တကယ့်ကို ဆိုးရွားတဲ့ ဖြတ်ထုတ်ခံရမှုပါ။ တခြားနည်းနဲ့ လုပ်လို့မရပါဘူး" "ဒါဟာ သူ့ရဲ့ ခြေကျင်းဝတ်မှာ တကယ်ကို ဆိုးရွားစေခဲ့ပြီး ကွင်းထဲမှာ သူခံစားနေရတဲ့ နာကျင်မှုလောက် မဆိုးပါစေနဲ့လို့ မျှော်လင့်ထားရမှာပါ" "ကစားသမားတွေကို အသင်းနဲ့ပြန်လည်ပူးပေါင်းပြီး သန်မာလာဖို့အတွက် မျှော်လင့်မိပါတယ်" "မကြာခင်မှာ အားလုံး ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီး ရာသီကုန်မတိုင်မီအထိ တွန်းအားပေးလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်" လို့ စကော့တလန်သားက ပြောပါတယ်။

#လီဗာပူး #ရော်ဘတ်ဆန် #ကာရာဘောင်ဖလား #ဂရာဗန်ဘာ့ဂျ် #ကိုင်စီဒို