ရှေ့သို့
Image

ချဲလ်ဆီးကို အနိုင်ရရှိခဲ့ပြီးနောက် ကာရာဘောင်ဖလားအကြောင်း မကောင်းပြောသူတွေကို တုံ့ပြန်လိုက်တဲ့ ကလော့ပ်

10:45 AM, 27 February

ဖိုင်နယ်တွင် ချဲလ်ဆီးကို အနိုင်ရရှိခဲ့ပြီးနောက် ကာရာဘောင်ဖလား ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ဘက်ပရိသတ်တွေကို လှောင်ပြောင်ပြောကြားလိုက်ပါတယ်။

တနင်္ဂနွေနေ့က ဝင်ဘာလေမှာ ကျင်းပခဲ့တဲ့ ကာရာဘောင်ဖလား ဖိုင်နယ်မှာ ချဲလ်ဆီးအသင်းကို အချိန်ပိုတွင် ဗန်ဒိုက်ရဲ့ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လီဗာပူးအသင်း အတွက် လက်ရှိရာသီရဲ့ပထမဆုံး ဆုဖလားကို ဆွတ်ခူးနိုင်စေခဲ့ပါတယ်။ ဆုဖလား ရရှိခဲ့ပြီးနောက် ဒီဆုဟာ သူ့အတွက် ထူးခြားကြောင်း ကလော့ပ်က ပြောဆိုခဲ့ပြီး ပြိုင်ဘက်ပရိသတ်တွေကိုလည်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

beIN SPORTS သို့ ကလော့ပ်က "ပွဲအပြီးမှာ အခမ်းအနားတစ်ခုလုံးက ထူးထူးခြားခြားပါပဲ။ တကယ်ကို အမိုက်စားပါပဲ၊ တခြားကလပ် အသင်းပရိသတ်တွေက ဒါဟာ ကာရာဘောင်ဖလားပဲလို့ ပြောကြလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်" "ဟုတ်ပါတယ် အဲ့လိုလူတွေကို ဒီနေရာမှာ ရှိစေချင်တယ်။ ဒီကိုလာပြီးတော့ ဒီလိုမျိုး ပြိုင်ဘက်ကို အနိုင်ယူပြီး အနိုင်ရဖို့ဆိုတာ ထိုက်တန်တယ်။ အဲဒါက အရမ်းထူးခြားပါတယ်" "ဒါပေမယ့် ဒီနိုင်ငံမှာ ဘယ်အသင်းကမှ ဆုဖလား ၄ လုံးရရှိတာ မမြင်ဖူးကြပါဘူး။ ဒါကြောင့် ဖိုင်နယ်ပြီးနောက် ၃ ရက်အကြာမှာပဲ အက်ဖ်အေဖလား နောက်တစ်ဆင့်ကို ကစားဖို့ လုပ်လိုက်တာပါ။ ဗုဒ္ဓဟူးနေ့မှာ ဘယ်သူတွေ ပွဲထွက်လာမလဲဆိုတာ ကျွန်တော်လည်း မသိသေးပါဘူး။ ဒါကြောင့် စောင့်ကြည့်ရမှာပါ" လို့ ပြောပါတယ်။

ဂျာမန်နည်းပြဟာ သူ့ရဲ့အန်ဖီးလ်ရှိ နောက်ဆုံးရာသီတွင် ချန်ပီယံဆုဖလားများစွာကို တတ်နိုင်သမျှ ဆွတ်ခူးရန် ရည်မှန်းထားပြီး ရာသီကုန်ဆုံးချိန်တွင် အသင်းနှင့် လမ်းခွဲမှာဖြစ်ပြီး ၁ နှစ်လောက် အနားယူမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ တနင်္ဂနွေနေ့က ကာရာဘောင်ဖလားဖိုင်နယ်တွင် ဆာလက်နှင့် နူနက်ဇ်တို့ကဲ့သို့ ကြယ်ပွင့်ကစားသမားတွေကို ထည့်သွင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် ဂရာဗန်ဘက်ချ်နှင့် အန်ဒိုတို့ကလည်း ချဲလ်ဆီးနှင့်ပွဲတွင် ဒဏ်ရာများ ရရှိခဲ့တာက ကလော့ပ်အတွက် သောကရောက်စရာဖြစ်လာခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ ဆောက်သမ်တန်နှင့် အက်ဖ်အေဖလား ပဉ္စမအကျော့ပွဲစဉ်ထွက်လူစာရင်း အတွက် ရွေးချယ်ဖို့ ကလော့ပ်က အတွက် ခက်ခဲသွားစေမှာပါ။

#လီဗာပူး #ချဲလ်ဆီး #ကလော့ပ် #ကာရာဘောင်ဖလား