ရှေ့သို့
Image

ချဲလ်ဆီးရဲ့ ဘီလီယံချီတန်ဖိုးရှိတဲ့ လူစာရင်းကို ကလော့ပ်ရဲ့ကလေးတွေက အနိုင်ယူခဲ့တာပါလို့ ဂယ်ရီနဗီးလ်ဆို

3:33 PM, 26 February

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးဟာ ဘီလီယံချီတန်ဖိုးရှိတဲ့ ကစားသမားစာရင်းကို ပွဲထုတ်ခဲ့သော်လည်း လူငယ်ကစားသမားလေးတွေ ပါဝင်လာတဲ့ ယာဂင်ကလော့ပ်ရဲ့လီဗာပူးကို ရှုံးနိမ့်ခဲ့တယ်လို့ ဂယ်ရီနဗီးလ်က ဆိုလာခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ယခုပွဲစဉ်ကို အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အလက်ဇန်းဒါးအာနိုးလ်၊ ဒါဝင်နူနက်ဇ်၊ မိုဟာမက်ဆာလက်နဲ့ အလီဆင်တို့မပါဝင်ဘဲ ကစားခဲ့ရတာြဖစ်ပါတယ်။ ကလော့ပ်ဟာ အသင်းရဲ့လူစာရင်းပြည့်ဖို့အတွက် အရန်ခုံက လူငယ်ကစားသမားလေးတွေကို ပွဲထုတ်ခဲ့ရပြီး ဂျိမ်းစ်မက်ကော်နယ်၊ ဂျေဒန်ဒန်းစ်နဲ ဂျာရဲလ်ကွမ်ဆာ တို့ကိုအသုံးပြုခဲ့ပါတယ်။

သို့သော်လည်း လီဗာပူးဟာ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပွဲပြီးကာနီး အချိန်ပိုမိနစ်မှာ ဗန်ဒိုက်ရဲ့ သွင်းဂိုးနဲ့အတူ ကာရာဘောင်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ တော့ဘိုလီရောက်ရှိလာကတည်းက အခုချိန်အထိ အပြောင်းအရွှေ့ကိစ္စတွေ အတွက် ပေါင် ၁ ဘီလီယံသုံးစွဲထားတဲ့ ချဲလ်ဆီးဟာ ယခုပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၂၃-၂၄ ရာသီကို ဖလားလက်မဲ့နဲ့အဆုံးသတ်ရဖို့ ရှိနေပါတယ်။

ယခုအခါမှာတော့ မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမား ဂယ်ရီနဗီးလ်က ချဲလ်ဆီးရဲ့ သုံးစွဲမှုတွေကို ခနဲ့လိုက်ပြီး လီဗာပူးကိုချီးကျူးတဲ့အနေနဲ့ “ကလော့ပ်ရဲ့ကလေးတွေက ပေါင်ဘီလီယံနဲ့ချီတဲ့ ပုလင်းတွေကို အနိုင်ယူနိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မော်ရီစီယိုပိုချက်တီနိုရဲ့အသင်းဟာ ယခုပွဲစဉ်ကို အနိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် တိုက်စစ်ပိုင်း အဆုံးသတ်မသေချာမှုတွေကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ကာရာဘောင်ဖလားကို ဆွတ်ခူးသွားခဲ့တဲ့ လီဗာပူးကတော့ ဖလား ၄ လုံးအောင်မြင်မှု အတွက် ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ အခြေအနေကောင်းကို ဖန်တီးထားနိုင်တာဖြစ်ပါတယ်။

#လီဗာပူး #ချဲလ်ဆီး #ကလော့ပ် #ဂယ်ရီနဗီးလ် #ကာရာဘောင်ဖလား