ရှေ့သို့
Image

စိန့်ဂျိမ်းပါ့ခ်က အရှုံးကို စိတ်ဓာတ်ခွန်အားအဖြစ် အာတီတာ အသုံးပြုခဲ့ကြောင်း အိုဒီဂတ် ထုတ်ဖော်ပြောကြား

12:43 PM, 26 February

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က အာတီတာဟာ နယူးကာဆယ်နဲ့ အဝေးကွင်းရှုံးပွဲကို စိတ်ဓာတ်ခွန်အားအဖြစ် အသုံးပြုခဲ့ကြောင်း အိမ်ကွင်းမှာ ၄-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။

စနေနေ့တုန်းက အာဆင်နယ်ဟာ ပထမအကျော့အဝေးကွင်းရှုံးပွဲကို ဆပ်နိုင်ခဲ့သလို ပေါ်တိုနဲ့ပွဲက အရှုံးကိုလည်း ပြန်လာနိုင်ခဲ့ပါတယ်။ သူတို့ဟာ ချန်ပီယံလိဂ်မှာ ရလဒ်မကောင်းခဲ့ပေမယ့် နယူးကာဆယ်နဲ့ပွဲမှာတော့ ပြိုင်ဘက်ကို အလုံးစုံထိန်းချုပ်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးကို ပွဲကစားချိန် ၁၈ မိနစ်မှာ တည်ကန်ဘောကနေ ဂါဘရီရယ်ခေါင်းတိုက်ခဲ့ပေမယ့် ဘော့တ်မန်းကြောင့် OG သာဖြစ်ခဲ့ရပါတယ်။

အာဆင်နယ်အတွက် နောက်ထပ်ဂိုးတွေကို ကိုင်ဟားဗက်ဇ် ၊ ဆာကာ နဲ့ ခီဗီယောတို့က သွင်းယူပေးခဲ့ပြီး နယူးကာဆယ်အတွက် ချေပဂိုးကို လူစားဝင်ကစားသမား ဝီလ်လော့ခ်က သွင်းယူပေးခဲ့ပါတယ်။ စိန့်ခ်ဂျိမ်းပါ့ခ်မှာတုန်းက အာဆင်နယ်ဟာ ဂေါ်ဒွန်ရဲ့အငြင်းပွားဖွယ်သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

အာတီတာက အဆိုပါဖြစ်ရပ်ကို သူ့အသင်းအတွက် ပွဲမတိုင်ခင် လောင်စာအဖြစ် အသုံးပြုခဲ့ပါတယ်။ “မှန်ပါတယ်။ ကျွန်တော် အဲ့လိုထင်ပါတယ်။ ပေါ်တိုနဲ့ပွဲအပြီးမှာ ကျွန်တော်တို့ အရမ်းစိတ်ပျက်နေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အလျင်အမြန်ပြန်လာနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ စိတ်ပိုင်းဆိုင်ရာက နယူးကာဆယ်နဲ့ပွဲဆီကိုပဲ ဦးတည်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီကိုရောက်လာပြီး မတူညီတဲ့အသင်းအဖြစ် ပြသချင်တာပါ။ ပေါ်တိုနဲ့ပွဲအပြီး နယူးကာဆယ်နဲ့ပွဲအပြီးမှာ ကျွန်တော်တို့ ဒီနေ့ခြေစွမ်းအတွက် လုံလောက်တဲ့စိတ်ခွန်အားရခဲ့ပါတယ်။ မှန်ပါတယ်။ သူအဲ့တာကို အသုံးပြုခဲ့ပါတယ်။ ကစားသမားအားလုံးလည်း ဘာဖြစ်ခဲ့လဲဆိုတာကို မှတ်မိကြပါတယ်။ ကျွန်တော်တို့ စိတ်ထဲမှာ အဲ့တာကို အမှတ်ရနေခဲ့ပါတယ်။ အဲ့နည်းလမ်းကို ကျွန်တော်တို့အသုံးပြုခဲ့တာ ကောင်းမွန်တယ်လို့ ထင်ပါတယ်”လို့ အိုဒီဂတ်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ချန်ပီယံဆုအတွက် မန်စီးတီးနဲ့ လီဗာပူးတို့ကို ဆက်လက်ဖိအားပေးထားနိုင်ပြီး လာမယ့်တနလာၤနေ့မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #နယူးကာဆယ် #အိုဒီဂတ် #ပရီးမီးယားလိဂ်