ရှေ့သို့
Image

ဂျာမနီအသင်းနဲ့ပြန်လည်ပူးပေါင်းမယ့် တိုနီခရူးစ်ရဲ့ဆုံးဖြတ်ချက်ဟာ ပြီးပြည့်စုံလွန်းပါတယ်လို့ ပြောလိုက်တဲ့ နာဂယ်စ်မန်း

5:26 PM, 24 February

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် တိုနီခရူးစ်က လာမယ့် မတ်လ နိုင်ငံတကာပွဲစဉ်တွေစတင်ချိန်မှာပဲ ဂျာမနီလက်ရွေးစင်အသင်းနဲ့ ပြန်လည်ပူးပေါင်းသွားမှာဖြစ်တယ်လို့ အတည်ပြုလာခဲ့ပါတယ်။ 

အသက်-၃၄ နှစ်အရွယ်ကစားသမားဟာ ၂၀၂၄ ယူရိုပြိုင်ပွဲမှာဂျာမနီအတွက် ပြန်လည်ကစားဖို့ရည်ရွယ်နေပြီးအခုလိုအံ့အားသင့်ဖွယ်ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

၂၀၂၀ ယူရိုပြိုင်ပွဲမှာဂျာမနီအသင်းအတွက် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ တိုနီခရူးစ်ဟာ ကွာတားဖိုင်နယ်မှာ အင်္ဂလန်ကိုရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် ၂၀၂၁ ခုနှစ်မှာတော့ နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ဂျာမနီနည်းပြ ဂျူလီယန်နာဂယ်စ်မန်းက ကွင်းလယ်လူကို အသင်းမှာပြန်လည်ပါဝင်နိုင်ဖို့ ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပြီး ကစားသမားကလည်း ပြန်လာဖို့ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ 

နာဂယ်စ်မန်းအနေနဲ့ အသင်းအတွက် ၁၀၆ ပွဲအထိပါဝင်ကစားထားတဲ့တိုနီခရူးစ်ဟာ ယခုပြန်လည်ပေါင်းစည်းလာချိန်မှာလည်း အရေးပါတဲ့‌အခန်းကဏ္ဍကနေပါဝင်နိုင်ဦးမယ်လို့ ယုံကြည်နေပါတယ်။

နာဂယ်စ်မန်းက "ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ကျွန်တော်တို့ ဆွေးနွေးမှုတွေ အပြင်းအထန်ပြုလုပ်ခဲ့ပါတယ်။ သူက ကျွန်တော်တို့ရဲ့လက်ရှိအသင်းပေါ်မှာ အမြင်ရှင်းပါတယ်။ စကားပြောတဲ့အခါတိုင်းမှာ သူ့အနေနဲ့ အသင်းအတွက် ပြန်လည်ပါဝင်လာချင်တယ်ဆိုတာကို တဖြည်းဖြည်းနဲ့ ဖော်ပြလာခဲ့ပါတယ်"

"ကျွန်တော်တို့ သူ့ရဲ့အတွေ့အကြုံတွေကနေ အကျိုးကျေးဇူးတွေရမှာပါ။ သူက ရီးရဲလ်မက်ဒရစ်အတွက် ထူးရှယ်ကစားသမားဖြစ်နေတုန်းပါ။ လူငယ်တွေကို သင်ကြားပြသနိုင်တဲ့အဆင့်ထိရောက်နေပြီး ထိပ်တန်းကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့အနေနဲ့ ကြပ်တည်းတဲ့ယူရိုပွဲစဉ်တွေကို သွေးအေးအေးနဲ့ကျော်ဖြတ်နိုင်မယ်လို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်မတ်လမှာတော့ ဂျာမနီဟာ ခြေစမ်းပွဲစဉ်တွေအဖြစ် ပြင်သစ်၊ နယ်သာလန်တို့ရဲ့ရင်ဆိုင်သွားရမှာဖြစ်ပြီးခရူးစ်အနေနဲ့ ဂျာမနီအသင်းလူစာရင်းမှာပြန်လည်ပါဝင်လာဖို့ရှိနေပါတယ်။

#ဂျာမနီ #နာဂယ်စ်မန်း #ခရူးစ်