ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်မှ ထွက်ခွာခဲ့ရခြင်းဟာ အနီရောင် ဂျာကင်အင်္ကျီကြောင့်ဆိုပြီး ပြောကြားလိုက်တဲ့ နာဂယ်စ်မန်း

1:33 PM, 24 February

ဂျာမနီလက်ရွေးစင်အသင်းနည်းပြ နာဂယ်စ်မန်းက သူ့ရဲ့ဖက်ရှင်အတွက်ရွေးချယ်မှုတွေဟာ ဘိုင်ယန်မြူးနစ်အသင်းတွင် ရှိစဉ်မှာ ကျဆင်းသွားခဲ့ရပါတယ်လို့ ပြောကြားလိုက်ပါတယ်။

ဖက်ရှင်ကျကျဝတ်ဆင်တက်တဲ့ နာမည်ကြီးနည်းပြဟာ ပြီးခဲ့တဲ့နှစ် မတ်လက ဘိုင်ယန်မြူးနစ်ကနေ ရုတ်တရက် ထွက်ခွာခဲ့ရကာ သူ့ရဲ့အသင်းဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဒေါ့မွန်အသင်းနောက် တစ်မှတ်လျော့ဖြင့် ရှိနေပြီး ချန်ပီယံလိဂ်နှင့် ဂျာမန်ဖလားပြိုင်ပွဲ နှစ်ခုစလုံးတွင် ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။ သို့သော်လည်း နာဂယ်စ်မန်းရဲ့နေရာတွင် ကလပ်ကို ၁၁ ကြိမ် ဆက်တိုက် ချန်ပီယံဖြစ်အောင် ဦးဆောင်ခဲ့တဲ့ တူချယ်နှင့် ရုတ်တရက်အစားထိုးခြင်းခံခဲ့ရပါတယ်။ သူ့ရဲ့အဝတ်အစားရွေးချယ်ဝတ်ဆင်မှုကလည်း ခက်ခဲသွားစေခဲ့ပါတယ်လို့ နာဂယ်စ်မန်းက ယုံကြည်နေပါတယ်။

"နည်းပြတစ်ယောက်အနေနဲ့ အရမ်းအာရုံစိုက်မနေသင့်ပါဘူး" လို့ Nagelsmann က Der Spiegel ကို ပြောကြားခဲ့ပါတယ်။ "အလုပ်တစ်ခုအတွက် တခြားလူတစ်ယောက်လို ဟန်ဆောင်ရတာ လုံးဝမလိုချင်ပါဘူး။ ကျွန်တော်ဟာ ဥပမာပြောရရင် ဂျပ်ဟေးနပ်စ်နဲ့ မတူညီတဲ့ စရိုက်လက္ခဏာတွေရှိပါတယ်" "ကျွန်တော်က အသက်ငယ်တဲ့အတွက် မတူညီတဲ့ တစ်ချို့အရာတွေကို လုပ်နေတာပါ။ အရင်က နည်းပြတွေလုပ်ခဲ့သလိုမျိုး ကုတ်အင်္ကျီကြီးတွေဝတ်ပြီး အသင်းကို တစ်ခါက ကွပ်ကဲခဲ့ခြင်းမရှိပါဘူး" "မြူးနစ်မှာရှိတဲ့ တာဝန်ရှိတဲ့လူတွေက ကျွန်တော်လည်း အနီရောင် ဂျာကင်အင်္ကျီကို ဝတ်ရမယ်ဆိုတာ ကြိုသိထားပါတယ်။ အဲဒါက သူတို့အတွက် အနှောက်အယှက် မဖြစ်စေဘူး။ ဒါပေမယ့် ကျရှုံးတဲ့အခါ ဒီလိုအသေးအဖွဲလေးတွေက မကြာခဏဆိုသလို အသုံးပြုတက်ကြပါတယ်" လို့ သူက ပြောပါတယ်။

နာဂယ်စ်မန်းရဲ့ ထုတ်ပယ်ခံရမှုဟာ စံနမူနာနှင့် ဝေးကွာနေတာကြောင့် ဘုတ်အဖွဲ့ရဲ့လုပ်ဆောင်မှုက တုန်လှုပ်ချောက်ချားစရာ ဖြစ်လာခဲ့ပါတယ်။ အသင်းဟာ ဆုဖလားလက်မဲ့ဖြစ်ရေးနှင့် ကြုံနေရပြီး ဘွန်ဒက်စ်လီဂါတွင် လေဗာကူဆင်နှင့် ၅ ကွာဟနေကာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာလည်း လာဇီယိုကို ရှုံးနိမ့်ထားက တိုးတက်မှုများမရှိနေတာကြောင့် တူချယ်ရဲ့ထွက်ခွာမှုကို ရာသီဝက်တွင် ဘိုင်ယန်မြူးနစ်က ကြေညာခဲ့တာက တရားမျှတတယ်လို့ ပြောလို့ရပါတယ်။

အသက် ၃၆ နှစ်အရွယ် နည်းပြဟာ ဒီနွေရာသီဥရောပချန်ပီယံရှစ်အတွက် ဂျာမနီရဲ့ပြင်ဆင်မှုတွေကို အာရုံစိုက်နေပါတယ်။ အိမ်ရှင်အသင်းအနေနှင့် မျှော်လင့်ချက်များ မြင့်မားတက်လာချိန်မှာ နာဂယ်စ်မန်းဟာ ရီးရဲလ်မက်ဒရစ်မှ တိုနီခရုစ်ရဲ့ လက်ရွေးကစားသမားဘဝနားယူဖို့ကို ပြန်လည်ပြင်ဆင်ဖို့ကို ဒီတစ်ပတ်မှာ စည်းရုံးနိုင်ခဲ့ပါတယ်။

#ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ #နာဂယ်စ်မန်း