ရှေ့သို့
Image

ဗစ်တာအိုဆီမင်ကို ပရီးမီးယားလိဂ်မှာ မြင်တွေ့ချင်နေတဲ့ အွန်နရီ

2:28 PM, 23 February

အိုဆီမင်ဟာ ပြီးခဲ့တဲ့ရာသီက နာပိုလီကို ၃၃ နှစ်တာ ကာလအတွင်း ပထမဆုံး စီးရီးအေ ချန်ပီယံဆုကိုရရှိရန် ကူညီပေးခဲ့ပြီး ၃၂ ပွဲကစား ၂၆ ဂိုး သွင်းယူကာ ဥရောပဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေထဲမှ တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပီအက်စ်ဂျီရဲ့ ခေါ်ယူရန် စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။

ဒီရာသီမှာတော့ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ အီတလီထိပ်သီးလိဂ်တွင် ၁၃ ပွဲကစား ၇ ဂိုးသွင်းယူထားပြီး ဥရောပရဲ့ထိပ်တန်းကလပ်တွေဟာ သူ့ကိုခေါ်ယူနိုင်ဖို့အတွက် စောင့်နေကြမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ ချဲလ်ဆီးနှင့် အာဆင်နယ်တို့ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလ တစ်လျှောက်လုံးမှာ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားမှုများရှိနေသော်လည်း အပြောင်းအရွှေ့နောက်ဆုံးအချိန်အထိ ထူးခြားမှုများမရှိခဲ့ပါဘူး။

သို့သော်လည်း နာပိုလီဟာ ရာသီကုန်မှာ အသင်းရဲ့တန်ကြေးရှိကစားသမားအတွက် အပြိုင်ဈေးပေးမှုကို မျှော်လင့်နေပြီး ပြီးခဲ့တဲ့လက အနာဂတ်နှင့် ပတ်သက်ပြီး ထင်ကြေးပေးမှုများကို မေးမြန်းတဲ့အခါ သူ့ရဲ့နောက်ထပ်ခြေလှမ်းနဲ့ပတ်သက်ပြီး သိရှိထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မကြာသေးမီက သတင်းများအရ အိုဆီမင်က ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေသော်လည်း တော့ဘိုလေတို့ကလပ်က ဘဏ္ဍာရေးမျှတစည်းမျဉ်းဖြင့်ညှိစွန်းနေတာကြောင့် နိုင်ဂျီးရီးယားသားရဲ့ ပေါင် ၁၁၁ သန်း တန်လျော်ကြေးငွေကို အပြည့်အဝပေးချေရန် ရုန်းကန်ရဖွယ်ရှိနေပါတယ်။


အာဆင်နယ်ကစားသမားဟောင်း အွန်နရီက သူ့ရဲ့အသင်းဟောင်းမှာ တိုက်စစ်မှူးသစ်တစ်ဦး လိုအပ်နေတယ်ဆိုတဲ့အကြောင်းကို CBS သို့ "ဒါဟာ ရာသီကုန်မှာ အာတီတာအနေနဲ့ စောင့်ကြည့်ရမယ့်အရာဖြစ်ပြီး သူ့အသင်းထဲသို့ ဘယ်သူတွေ ခေါ်ယူနိုင်မလဲဆိုတာ သိမြင်လာမှာပါ" လို့ ပြောကြားလိုက်ပါတယ်။

တွဲဖက်အစီစဉ်တင်ဆက်သူ မီကာရစ်ချက်က အိုဆီမင်ရဲ့နာမည်ကိုပြောတဲ့အခါမှာ အွန်နရီက "အဲဒီအတွက်တော့ ခင်ဗျားအနေနဲ့ အာတီတာကိုသာမေးရမယ်" လို့ ပြောထားပါတယ်။ ထို့နောက်တွင် အွန်နရီက အိုဆီမင်အား အင်္ဂလန်တွင် ကိုယ်တိုင်စမ်းသပ်လိုတဲ့ဆန္ဒကို "ပြီးခဲ့တဲ့နှစ်က သူဘာလုပ်နိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ သူဟာ တစ်နှစ်တာ အကောင်းဆုံး အာဖရိက ကစားသမားဆုကို ရရှိခဲ့ပါပြီး အခုတော့ သူ့ကို ပရီးမီးယားလိဂ်မှာ ဘာလုပ်နိုင်လဲဆိုတာကို တွေ့ချင်မိပါတယ်"လို့ ပြောကြားလိုက်ပါတယ်။

#စီးရီးအေ #အွန်နရီ #အိုဆီမင် #အိုဆီမန်