ရှေ့သို့
Image

အဝေးဂိုး စည်းမျဉ်းပြောင်းလဲလိုက်တာက ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွေမှာ ပိုမိုဆိုးရွားသွားစေခဲ့တာပါလို့ ပြောကြားလိုက်တဲ့ အဘွန်လဟော

2:09 PM, 23 February

၂၀၂၁ ခုနှစ် ဇွန်လတွင် ယူအီးအက်ဖ်အေဟာ ဥရောပကလပ်ပြိုင်ပွဲများမှာ အဝေးဂိုးစည်းမျဉ်းကို ဖျက်သိမ်းခဲ့ပါတယ်။ အဲ့ဒီအစား ဒုတိယအကျော့ပွဲစဉ်တွင် မိနစ် ၉၀ အပြီးတွင် အသင်းများနှင့် အဝေးဂိုးမည်မျှပင်သွင်းယူသည်ဖြစ်စေ အရှုံးအနိုင်ရလဒ်ကို ဆုံးဖြတ်ရန် အချိန်ပိုနှင့် ပင်နယ်တီများ ကစားရမှာဖြစ်ပါတယ်။

talkSPORT ရဲ့အစီစဉ်တင်ဆက်သူ အဘွန်လဟောက ဒါကို သဘောမကျနေတာ ပေါ်တိုနှင့် အာဆင်နယ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးတွင် ဖျက်သိမ်းလိုက်သော စည်းမျဉ်းကို ပြန်လည်အသက်သွင်းသင့်တယ်လို့ ယုံကြည်နေပါတယ်။ ဂန်းနားတွေဟာ အဆိုပါပွဲစဉ်တွင် ဂိုးပေါက်တည့်အောင် တစ်ကြိမ်မှ မကန်သွင်းနိုင်ခဲ့ပါဘူး။

"ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော့်ကို အစမလုပ်ခိုင်းပါနဲ့" လို့ အက်စတွန်ဗီလာ တိုက်စစ်မှူးဟောင်းက အလန်ဘရာဇီးကို talkSPORT Breakfast မှာပြောခဲ့ပါတယ်။ "ကျွန်တော် ငယ်ငယ်တုန်းက ဆယ်ကျော်သက်အရွယ်မှာ Sky channels တွေ ဒါမှမဟုတ် အဲဒီလိုမျိုးတွေ မရှိခဲ့ပါဘူး" "၅ ယောက်မှာ ၁ ယောက်လောက်မှာသာ ရှိခဲ့ပြီး ITV မှတဆင့် ပွဲတွေကိုကြည့်ခဲ့ရကာ အဝေးဂိုးစည်းမျဉ်းကို သဘောကျခဲ့မိပါတယ်" "ပွဲတွေကိုကြည့်ရင်း ဗလန်စီယာလိုအသင်းတွေ၊ အီတလီကအသင်းတွေ ထိပ်ပိုင်းရောက်တဲ့အခါ သဘောကျမိပါတယ်" "အဝေးကွင်းမှာ ဧည့်သည်အသင်းက ဂိုးတွေရရှိသွားမယ်လို့ တွေးကြည့်လိုက်ပါ"

"မနေ့ညက အာဆင်နယ်ကို မြင်ကြည့်လိုက်ပါ။ အကယ်၍ အဝေးဂိုးစည်းမျဉ်းသာ ရှိမယ်ဆိုရင် အာဆင်နယ်က ပေါ်တိုရဲ့ကွင်းသို့သွားပြီး ဂိုးပေါက်မတည့်အောင် ကန်မှာလား" "အခုတော့ ဘောလုံးကပြောင်းသွားပါပြီ။ အာဆင်နယ်က ပေါ်တိုကို သွားပြီးတော့ အဝေးဂိုးရတယ်လို့ ပြောကြပါစို့ ဥပမာ ၁-၁ ဂိုးနဲ့ အဆုံးသတ်ခဲ့တယ်ပဲထား" "ပေါ်တိုကလည်း အမ်မရိတ်စ်သို့ရောက်လာမှာကို သိတာကြောင့် ပွဲတစ်ခုလုံးကို ပြောင်းလဲစေခဲ့ပါတယ်" "အဝေးဂိုးစည်းမျဉ်း ပြန်ထားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အခု ပေါ်တိုအတွက်၊ အဝေးဂိုးတွေက အရေးမကြီးပါဘူး။ နောက်တန်းမှာ ၅ ယောက်လောက်အထိုင်ချပြီး ကစားကြပါလိမ့်မယ်" "တန်ပြန်တိုက်စစ်မှာ ဂိုးရအောင် ကြိုးစားပြီး ဒီအတိုင်းလုပ်သွားမှာပါ" လို့ အဘွန်လဟောက ပြောပါတယ်။

အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့မှာ ပေါ်တိုကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ရက်သတ္တပတ် ၃ ပတ်အတွင်း လုပ်စရာတွေရှိနေပြီဖြစ်ပါတယ်။ ဂယ်လီနိုရဲ့ ကန်ချက်ကြောင့် ပေါ်တူဂီကလပ်က အနိုင်ရရှိခဲ့ပြီး လော်ရာဝုဒ် နှင့် မာတင်ကီယွန်းတို့တောင် အံ့အားသင့်သွားခဲ့ရပါတယ်။

#အာဆင်နယ် #အဘွန်လဟော