ရှေ့သို့
Image

ယူရိုပါလိဂ်ပြိုင်ပွဲ သွင်းဂိုးအများဆုံး ကစားသမားဖြစ်လာတဲ့ အူဘာမီယန်း

9:34 AM, 23 February

ယူရိုပါလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်လာချိန်မှာပဲ အူဘာမီယန်းထက် ပိုကောင်းတဲ့ကစားသမား မရှိတော့ဘူးလို့ တရားဝင်ပြောလို့ရပါပြီ။

ရှက်တာဒိုးနက်နဲ့ ရင်ဆိုင်ရချိန်ပွဲစဉ်အတွင်း နောက်ဆုံး သွင်းယူလိုက်နိုင်တဲ့ ဂိုးကြောင့် မာဆေးလ်တိုက်စစ်မှူးဟာ ပြိုင်ပွဲသမိုင်းတလျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်လိုက်နိုင်ပါတယ်။ ဒီနေ့မနက်ပိုင်း ပွဲစဉ်မှာ ပြိုင်ဘက်ရှက်တာဒိုးနက်ကို ဦးဆောင်ဂိုးခွင့်ပြုပေးခဲ့ရပြီးနောက် လီဂူးဝမ်းကလပ်အသင်း အတွက် လှုံ့ဆော်အားပေးမှုတွေ အရူးအမူးလိုအပ်လာခဲ့ပြီး ဒီအရာကို အခုဘောလုံးရာသီ၊ သူတို့အသင်းအတွက် အဓိကခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးထံမှ ရရှိခဲ့ပါတယ်။

ကလပ်အသင်းဖော် ဟာရစ်ရဲ့ဖန်တီးပေးမှုကို ဂါဘွန်ဂန္တဝင်ကစားသမားက တည်တည်ငြိမ်ငြိမ် အဆုံးသတ်ပြီး အသင်းကို ပွဲစဉ်ဆီပြန်လည် ခေါ်ဆောင်ပေးခဲ့သလို သူ့အတွက်လည်း သမိုင်းမှတ်တမ်းအချို့ ရေးထိုးခဲ့ပါတယ်။ ဒီသွင်းဂိုးက ယူရိုပါလိဂ်ပြိုင်ပွဲမှာရရှိတဲ့ အူဘာမီယန်းရဲ့ ၃၁ ဂိုးမြောက်ဖြစ်လာခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ယူရိုပါလိဂ်လို့ နာမည်ပြောင်းပြီးနောက်ပိုင်း သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ဖယ်ကာအိုရဲ့မှတ်တမ်းကို ကျော်ဖြတ်နိုင်စေခဲ့ပါတယ်။

ဒါ့အပြင် အသက်-၃၄ နှစ်အရွယ် တိုက်စစ်မှူးက ၁၉၇၁ ခုနှစ်မှ စတင်ကာ ကျင်းပလာတဲ့ ယူအီးအက်ဖ်အေဖလား(သို့မဟုတ်) ယူရိုပါလိဂ်ဖလားပြိုင်ပွဲ သမိုင်းတလျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ဆဲလ်တစ်ဂန္တဝင်လာဆင်ရဲ့ မှတ်တမ်းကိုလည်း အမှီလိုက်နိုင်ခဲ့ပါတယ်။

အူဘာမီယန်းအတွက် မမေ့နိုင်စရာ ညတစ်ညဖြစ်ခဲ့သလို မာဆေးလ်လည်း နောက်ဆုံး ၁၆ သင်း အဆင့်ဆီ တက်လှမ်းနိုင်ခဲ့တာကြောင့် သူ့အတွက် ပိုကောင်းတဲ့ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။

#မာဆေးလ် #အူဘာမီယန်း #ယူရိုပါလိဂ်