ရှေ့သို့
Image

ဘရန့်ဖို့ဒ်ကို ခက်ခက်ခဲခဲအနိုင်ယူကာ အဆင့်၂နေရာကို တက်လှမ်းလာခဲ့တဲ့ မန်စီးတီး

3:56 AM, 21 February

မန်စီးတီး ၁-၀ ဘရန့်ဖို့ဒ် (ပွဲပြီးရလဒ်)

ဟာလန်း (၇၀မိနစ်)


ဒီဘရိုင်းမပါတဲ့ မန်စီးတီးက ဆားမပါတဲ့ဟင်းလိုဖြစ်နေပြီး အခွင့်အရေးဖန်တီးနိုင်မှုတွေမှာ တော်တော်လေးအားနည်းခဲ့ပါတယ်။ 

အခွင့်အရေးတွေရရှိလာချိန်မှာလည်း ဂိုးသမားဖလက်ကန် လက်စွမ်းပြနေမှုကြောင့် ဦးဆောင်ဂိုးနဲ့ မိနစ်၇၀လောက်အထိ ဝေးကွာနေခဲ့ရပါတယ်။ 

ဒါပေမယ့် ဘရန့်ဖို့ဒ်နောက်ခံလူ အေဂျာရဲ့ မဖြစ်သင့်တဲ့ ချော်လဲမှုကနေ ဟာလန်းက တောက်လျှောက်ဆွဲပြေးကန်သွင်းကာ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ 

ဂွါဒီယိုလာအနေနဲ့ကတော့ လာမယ့်ပွဲစဉ်တွေမှာ အားနည်းချက်များနေတဲ့ တိုက်စစ်ကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

#မန်စီးတီး #ဘရန့်ဖို့ဒ် #ပရီးမီးယားလိဂ်