ရှေ့သို့
Image

လီဂူးဝမ်းသမိုင်းတလျှောက် သွင်းဂိုးအများဆုံး ကစားသမား ၁၀ ဦးစာရင်းမှာ ပါဝင်လာတဲ့ အမ်ဘာပေ

3:27 PM, 20 February

ပြင်သစ်ကြယ်ပွင့် အမ်ဘာပေက အခုဘောလုံးရာသီမှာပဲ လီဂူးဝမ်းသမိုင်းတလျှောက် သွင်းဂိုးအများဆုံးကစားသမား ၁၀ ဦးစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူက သွင်းဂိုး ၁၈၅ ဂိုး သွင်းယူထားပြီး ဒီလိုဂန္တဝင်မြောက်စာရင်းမှာ ပါဝင်လာခဲ့တာပါ။

ပီအက်စ်ဂျီအသင်းသမိုင်းတလျှောက် သွင်းဂိုးအများဆုံးကစားသမားဖြစ်တဲ့ အမ်ဘာပေက အခုဘောလုံးရာသီ၊ လီဂူးဝမ်းပြိုင်ပွဲမှာ ၂၂ ပွဲကစား၊ ၂၁ ဂိုး သွင်းယူထားပြီး လီဂူးဝမ်း ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးမှပြေးနေပါတယ်။ နန့်တက်စ်ကို နှစ်ဂိုးပြတ်အနိုင်ရရှိတဲ့ ပွဲစဉ်မှာလည်း ပြင်သစ်ကပ္ပတိန်က ဒုတိယပိုင်းပွဲချိန်အတွင်း လူစားဝင်ကစားခဲ့ပြီး ပယ်နယ်တီမှတဆင့် အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အခုလိုစွမ်းဆောင်ရည်ပိုင်းတွေကြောင့် အမ်ဘာပေက လီဂူးဝမ်းသမိုင်းတလျှောက် သွင်းဂိုးအများဆုံးကစားသမား ၁၀ ဦးစာရင်းမှာ အဆင့်-၉ အဖြစ် ပါဝင်လာခဲ့ပါတယ်။ ဘီယန်ချီနဲ့ အန်ဒါဆန်တို့ကို ကျော်ဖြတ်ကာ ဒီစာရင်းမှာပါဝင်လာတဲ့ အမ်ဘာပေက လာမယ့်သီတင်းပတ်တွေအတွင်း နောက်ထပ်နှစ်ဆင့်လောက် ခုန်တက်သွားနိုင်ဖွယ် ရှိပါတယ်။

ဒါ့အပြင် အမ်ဘာပေက အခုဘောလုံးရာသီမှာပဲ နောက်ထပ်စံချိန်ကောင်းတစ်ခုကို စိုက်ထူသွားနိုင်ဖို့ နီးစပ်နေပါတယ်။ ဒီစံချိန်ကတော့ လီဂူးဝမ်းရွှေဖိနပ်ဆုကို ခြောက်ကြိမ်တိုင်ရယူနိုင်တဲ့ ပြိုင်ဘက်မရှိ ကစားသမားဆိုတဲ့ မှတ်တမ်းကောင်းပဲဖြစ်ပါတယ်။ လက်ရှိမှာ လီဂူးဝမ်းရွှေဖိနပ်ဆုကို ငါးကြိမ်တိုင် ရရှိဖူးသူတွေကတော့ အွန်နစ်၊ ဘီယန်ချီ၊ ပါပင်နဲ့ အမ်ဘာပေတို့ပဲ ဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #လီဂူးဝမ်း #အမ်ဘာပေ