ရှေ့သို့
Image

ဘာပေတစ်ယောက် ပီအက်စ်ဂျီကနေ ထွက်ခွာမယ့်ပို့စ်ကို Like လုပ်ခဲ့တဲ့ နေမာ

2:59 PM, 20 February

ပီအက်စ်ဂျီစတားဟောင်း နေမာတစ်ယောက် ဘာပေ ပီအက်စ်ဂျီကနေ ထွက်ခွာမယ်ဆိုတဲ့ပို့စ်ကို Like လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဘာပေကတော့ သူ့အနေနဲ့ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးမှာမဟုတ်ပဲ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ အသိပေးခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းထံပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ အသက် ၂၅ နှစ်သားဟာ ပီအက်စ်ဂျီမှာ ၇ နှစ်ကြာဖြတ်သန်းခဲ့တာဖြစ်ပြီး နေမာနဲ့အတူ အတွဲအဖက်ညီခဲ့တာဖြစ်ပါတယ်။

ဘာပေဟာ ပီအက်စ်ဂျီကိုရောက်ပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး နေမာနဲ့အချင်းများမှုတွေလည်းရှိခဲ့ပါတယ်။ အဲ့နောက် ဘရာဇီးသားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဆော်ဒီကလပ် အယ်လ်-ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။

ဘရာဇီးမီဒီယာအကောင့် ဂျိုဂါဒါက ဘာပေတစ်ယောက် ပီအက်စ်ဂျီမှာ လွှမ်းမိုးခဲ့တာကို ဝေဖန်ခဲ့ပြီး ရာသီအကုန်မှာ ထွက်ခွာတော့မယ်လို့ တင်ခဲ့ပါတယ်။

အဆိုပါပို့စ်မှာ “ဘယ်ကစားသမားမှ အဖွဲ့အစည်းထက်မကြီးမားဘူး”လို့ ကပ်ပရှင်တက်ခဲ့ပါတယ်။ “ပီအက်စ်ဂျီက ဘောလုံးစီမံခန့်ခွဲမှု ဥပမာပါပဲ။ သူတို့အကောင်းဆုံးကစားသမားတွေကို ဘယ်လိုခေါ်ယူရမလဲဆိုတာ သိပါတယ်။ အသင်းက အဆင်ပြေနေချိန်မှာ ပြင်သစ်သားရဲ့အတ္တက စတင်နှောက်ယှက်ခဲ့တာပါ။ ဘာပေရဲ့စိတ်ထဲမှာ ပြင်သစ်သားတွေကိုပဲ အသင်းထံခေါ်ယူချင်ခဲ့တာပါ။ အခုတော့ သူက အသင်းကနေ ထွက်ခွာတော့မှာပါ။ အဆုံးသတ်မှာ ပီအက်စ်ဂျီမှာ ဒါပဲကျန်ခဲ့မှာပါ”လို့ တင်ခဲ့ပါတယ်။

စပိန်ကလာတဲ့သတင်းတွေအရ ဘာပေဟာ ရီးရဲလ်နဲ့စာချုပ်ချုပ်ဆိုထားပြီး ၂၀၂၉ အထိ သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။ မေးလ်စပေါ့တ်သတင်းဌာနကတော့ ဘာပေဟာ ဘယ်လင်ဟမ်နဲ့ ဗင်နီဆီးယက်စ်တို့ိကို ကျော်ဖြတ်ပြီး မက်ဒရစ်ရဲ့ထိပ်တန်းလုပ်ခလစာအများဆုံးကစားသမားဖြစ်လာမယ်လို့ ဖော်ပြခဲ့ပါတယ်။

မက်ဒရစ်ဟာ ဘာပေကိုခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင် ၈၅.၅ သန်း ပေးချေမှာဖြစ်ပြီး ပုံရိပ်အသုံးပြုခကနေ % တစ်ခုပြန်လည်ရယူဖို့ ဆွေးနွေးနေပါတယ်။ နေမာကတော့ အယ်လ်-ဟီလယ်အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ပဲ နပန်းလုံးနေရကာ မကြာသေးခင်ကမှ ပထမဆုံးလေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တာဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #လီဂူးဝမ်း #နေမာ #အမ်ဘာပေ