ရှေ့သို့
Image

မက်ဆီက ၂၀၁၀ ဘော်လွန်းဒီအော်ဆုကို လုယူခဲ့တာမဟုတ်ပါဘူးလို့ ကာကွယ်ပြောဆိုလိုက်တဲ့ မော်ရင်ဟို

1:03 PM, 17 February

၂၀၁၀ ခုနှစ်အတွက် ဘော်လွန်းဒီအော်ဆုကို မက်ဆီအား ချီးမြှင့်ခဲ့တာက တရားမျှတမှုမရှိဘူးလို့ ရှနိုက်ဒါက ပြောကြားခဲ့သော်လည်း မော်ရင်ဟိုကတော့ အာဂျင်တီးနားစတားဘက်ကနေ ကာကွယ်ပြောကြားလိုက်ပါတယ်။ နယ်သာလန်လက်ရွေးစင်ဟောင်း ရှနိုက်ဒါက မော်ရင်ဟိုရဲ့ အင်တာမီလန်ကို ချန်ပီယံလိဂ်၊ ကိုပါအီတာလီယာနှင့် စီးရီးအေတို့ကို ရရှိအောင် ကူညီပေးပြီးနောက် ၂၀၁၀ ခုနှစ်တွင် တစ်ဦးချင်းဆုမရရှိခဲ့တာကို မမျှတဘူးလို့ ခံစားခဲ့ရပါတယ်။

ထိုနှစ်က မက်ဆီဟာ လာလီဂါဆုဖလားတစ်လုံးတည်းသာ ရရှိခဲ့သလို ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာလည်း အာဂျင်တီးနားဟာ ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲမှထွက်ခဲ့ရကာ နယ်သာလန်အသင်းကတော့ စပိန်ကိုရှုံးနိမ့်ကာ ဒုတိယ ရရှိခဲ့ပါတယ်။ သို့သော်လည်း ရိုးမားနည်းပြဟောင်းကတော့  အင်တာမီယာမီစတာဘက်ကနေ ကာကွယ် ပြောဆိုထားပါတယ်။

ဖာဒီနန်ရဲ့ Vibe with Five podcast တွင် ပေါ်တူဂီသားနည်းပြက "လုယူခံလိုက်ရတယ်လို့ ပြောတာကို မကြိုက်ပါဘူး။ ဘယ်သူအနိုင်ရတာလဲ မက်ဆီလား ဒီတော့ လုယုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ရှနိုက်ဒါက တစ်ရာသီအတွင်းမှာ ဆုဖလား ၃ လုံးရရှိအောင် လုပ်နိုင်ခဲ့သလို ချန်ပီယံလိဂ်နှင့် အဲ့ဒီနှစ်ရဲ့ ကမ္ဘာ့ဖလားဖိုင်နယ်အထိတက်ခဲ့ပါတယ်" "ဒါကြောင့် သူက ထိပ်တန်း ၃ ယောက်မှာ အနည်းဆုံး ရှိနေသင့်ပါတယ်။ ဒါပေမယ့် နောက်ဆုံး မျိုးဆက်မှာ ခရစ်စတီယာနို ရော်နယ်ဒိုနှင့် မက်ဆီတို့ ဘော်လွန်းဒီအော်ရရှိတယ်ဆိုရင် ဒါက လုယုခံလိုက်ရခြင်းတော့ မဟုတ်ပါဘူး" လို့ ပြောပါတယ်။

မက်ဆီရဲ့ အချိုတော့ ဘော်လွန်းဒီအော်ဆုရရှိမှုကို မေးခွန်းထုတ်ခြင်းခံနေရပြီး အထူးသဖြင့် ၂၀၂၃ ခုနှစ်အတွက် ဆုရရှိခဲ့ပြီးနောက် ပီအက်စ်ဂျီမှာ အမ်ဘာပေနှင့် မန်စီးတီးက ဟာလန်းတို့ထက် သွင်းဂိုးနည်းနေသလို နိမ့်ပါးတဲ့လိဂ်ဖြစ်တဲ့ MLSမှာ ကစားနေတဲ့ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ယောက်အနေနဲ့ ကျဆင်းသွားပါလိမ့်မယ်။ ဒါဟာ မည်သူတစ်ဦးတစ်ယောက်ရဲ့ ချီးကျူးဂုဏ်ပြုမှုထက်မဆို သာနေတာက သေချာပါတယ်။

မက်ဆီရဲ့ အင်တာမီယာမီဟာ ၂၀၂၄ MLS ရာသီသစ်တွင် အယ်လ်ဂေလက်ဆီနှင့် အဝေးကွင်းမှာ မကစားမီ ဖေဖော်ဝါရီ ၂၂ ရက်နေ့ အိမ်ကွင်းတွင် ရီးရဲလ်ဆော့လိတ်နှင့် စတင်ကစားရမှာဖြစ်ပါတယ်။ ရှနိုက်ဒါကတော့ ၂၀၁၉ ခုနှစ်ကတည်းက ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။

#မော်ရင်ဟို #မက်ဆီ