ရှေ့သို့
Image

လီဂူးဝမ်းပွဲစဉ်(၂၂) လိုင်လီ - လီဟာဗေး ပွဲကြိုခန့်မှန်းချက် (ည - ၁ဝး၃၀)

9:00 AM, 17 February

လိုင်လီ - လီဟာဗေး  ဒဏ်ရာရ/ပွဲပယ်

================

လိုင်လီ - အီလစ်(သေချာပေါက်လွဲ)၊ ကာဗာလီယို၊ ဒိုင်ယာကီတေး၊ အမ်တီတီ(မသေချာ)။

လီဟာဗေး - တာဂယ်လိုင်း၊ တိုရေး(မသေချာ)၊ ကူဇီယေး(ပွဲပယ်ပြစ်ဒဏ်)။

 

တောက်လျှောက်ခြေတက်နေတဲ့ လိုင်လီက နောက်ဆုံး ၂ ပွဲဆက်ရှုံးပြီး ခြေပြန်ကျသွားပါတယ်။ တိုက်စစ်ပိုင်းက ပုံမှန်ခြေစွမ်းပျောက်နေတာဖြစ်ပြီး ဂိုးရဖို့ခက်ခဲနေတာပါ။ ၃ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမယ့် လီဟာဗေးတို့က အဆင့် ၁၁ နေရာမှာ ရပ်တည်ထားနိုင်ဆဲပါ။ ဒါပေမယ့် တိုက်စစ်ပိုင်းကတော့ ဂိုးရဖို့ရုန်းကန်နေရဆဲဖြစ်ပြီး နောက်ဆုံး ၃ ပွဲမှာ ၂ ဂိုးသာရခဲ့ပါတယ်။ ပြန်လာဖို့လိုအပ်နေတဲ့ လိုင်လီတို့နိုင်ပွဲပြန်လည်ရှာတွေ့သွားပါလိမ့်မယ်။

 
လိုင်လီ - လီဟာဗေး ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
--------------------------------------------------------
လီဟာဗေး ၀ - ၂ လိုင်လီ (၁-အောက်တိုဘာ-၂၀၂၃)
လီဟာဗေး ၀ - ၁ လိုင်လီ (၂၄-မေ-၂၀၀၉)
လိုင်လီ ၃ - ၁ လီဟာဗေး (၂၁-ဒီဇင်ဘာ-၂၀၀၈)
လိုင်လီ ၁ - ၀ လီဟာဗေး (၂၁-ဒီဇင်ဘာ-၂၀၀၂)
လီဟာဗေး ၀ - ၀ လိုင်လီ (၁၁-သြဂုတ်-၂၀၀၂)
.
လိုင်လီ နောက်ဆုံး (၅) ပွဲရလဒ်
----------------------------
ပီအက်စ်ဂျီ ၃ - ၁ လိုင်လီ (၁၁-ဖေဖော်ဝါရီ-၂၀၂၄)
လိုင်ယွန် ၂ - ၁ လိုင်လီ (၈-ဖေဖော်ဝါရီ-၂၀၂၄)
လိုင်လီ ၄ - ၀ ကလာမွန် (၄-ဖေဖော်ဝါရီ-၂၀၂၄)
မောင့်ပယ်လီယာ ၀ - ၀ လိုင်လီ (၂၈-ဇန်နဝါရီ-၂၀၂၄)
ရေးဆင်း (ပြင်သစ်) ၀ - ၁ လိုင်လီ (၂၁-ဇန်နဝါရီ-၂၀၂၄)
.
လီဟာဗေး နောက်ဆုံး (၅) ပွဲရလဒ်
---------------------------------
လီဟာဗေး ၀ - ၁ ရန်းနက်စ် (၁၁-ဖေဖော်ဝါရီ-၂၀၂၄)
စထရာဘော့ ၃ - ၁ လီဟာဗေး (၈-ဖေဖော်ဝါရီ-၂၀၂၄)
မိုနာကို ၁ - ၁ လီဟာဗေး (၄-ဖေဖော်ဝါရီ-၂၀၂၄)
လိုရီယန့် ၃ - ၃ လီဟာဗေး (၂၈-ဇန်နဝါရီ-၂၀၂၄)
ချာတာရော့စ် ၀ - ၁ လီဟာဗေး (၂၁-ဇန်နဝါရီ-၂၀၂၄)

#ပွဲကြိုသုံးသပ်ချက် #လိုင်လီ #လီဂူးဝမ်း #လီဟာဗေး