ရှေ့သို့
Image

အင်္ဂလန်အသင်းအလုပ်အပြင် ယူရို ၂၀၂၄ ချန်ပီယံဆုပါ ခန့်မှန်းလိုက်တဲ့ မော်ရင်ဟို

2:09 PM, 16 February

ရိုးမားအသင်းနည်းပြဟောင်း မော်ရင်ဟိုက အင်္ဂလန်အသင်းက တစ်ကြိမ်ကမ်းလှမ်းခဲ့သေးကြောင်းနဲ့ လက်ရှိယူရို ၂၀၂၄ ချန်ပီယံဆုကို ရယူနိုင်လိမ့်မယ်လို့ ခံစားမှုကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အင်္ဂလန်အသင်းကို လက်ရှိမှာဆောက်ဂိတ်က နည်းပြနေပြီး ဆုဖလားအောင်မြင်မှု ရယူချင်နေပါတယ်။ အင်္ဂလန်ဟာ ဖီဖာရဲ့အဆင့်သတ်မှတ်မှာ အဆင့် ၃ နေရာ ရပ်တည်နေပြီး ကိန်း ၊ ဘယ်လင်ဟမ်စတဲ့ လူငယ်ခြေတက်တွေကြောင့် ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပါတယ်။

ပေါ်တူဂီအသင်းက ၂၀၁၆ ချန်ပီယံဖြစ်ခဲ့တာကို ပြန်ပြောခဲ့ပြီး အင်္ဂလန်က စူပါစတားတွေကြောင့် ချန်ပီယံဖြစ်နိုင်တယ်လို့ ပေါ်တူဂီသားက ခံစားနေရတာဖြစ်ပါတယ်။

“အဲ့တာက အရမ်းကောင်းတဲ့မျိုးဆက်ပါ။ သူတို့ ယူရို ၂၀၂၀ တုန်းက ဖိုင်နယ်ရောက်ခဲ့ပါတယ်။ အခုလည်း သူတို့ချန်ပီယံဖြစ်နိုင်ပါတယ်။ သူတို့ဆီမှာ ဘယ်လင်ဟမ်လိုခြေစွမ်းကောင်းပြသနေတဲ့ကစားသမားအပြင် အခြားခြေတက်ကစားသမားတွေရှိနေပါတယ်။ အင်္ဂလန်က တိုးတက်ပြီးရင်း တိုးတက်လာနေတာပါ။ ဘယ်လင်ဟမ်က မတူညီတာလုပ်ပြနိုင်ပါတယ်။ သူက ကမ္ဘာ့ကောင်လေးပါ။ သူ့မှာကြီးမားတဲ့ကိုယ်ရည်ကိုယ်သွေးရှိပါတယ်။ ဆောက်ဂိတ် နဲ့ စတိဗ်ဟော်လန်တို့က အတွဲညီပါတယ်။ သူတို့အလုပ်ကို အလှပဆုံး လုပ်ဆောင်နေတာပါ။ ဒါပေမယ့် တစ်ခုခုလိုအပ်နေပါသေးတယ်။ သူတို့ လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် မဆုတောင်းချင်ပါဘူး။ ဘာလို့လဲဆိုတော့ ပေါ်တူဂီက အဲ့တာကို လုပ်နိုင်ပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုဟာ ၂၀၀၇ ခုနှစ်တုန်းက မက္ကလာရင်အထုတ်ခံခဲ့ရပြီးနောက် အင်္ဂလန်အသင်းနည်းပြရထူးရယူနိုင်ခဲ့ပေမယ့် ပယ်ချခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အင်္ဂလန်နည်းပြဖြစ်လာနိုင်ခဲ့ပါတယ်။ သူတို့ကမ်းလှမ်းခဲ့ပေမယ့် ကျွန်တော် ပယ်ချခဲ့တာပါ။ အဲ့နောက် ကာပယ်လိုကို သူတို့ခန့်အပ်ခဲ့ပါတယ်”လို့ မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုဟာ ယူနိုက်တက်တုန်းက အခြေအနေတွေကိုလည်း ပြောကြားခဲ့ပြီး ဒုတိယအကြိမ်ပြန်လာမှာကိုတော့ ငြင်းဆန်ခဲ့ပါတယ်။

#စီးရီးအေ #ရိုးမား #မော်ရင်ဟို