ရှေ့သို့
Image

အထုတ်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ရိုးမားအသင်းပိုင်ရှင်တွေကို မော်ရင်ဟို ဝေဖန်

8:48 AM, 16 February

ပြီးခဲ့တဲ့လတုန်းက ရိုးမားအသင်းကနေ အထုတ်ခံခဲ့ရပြီးနောက် မော်ရင်ဟိုတစ်ယောက် ပထမဆုံးအကြိမ် ရိုးမားအသင်း ပိုင်ရှင်တွေကို ဝေဖန်လိုက်ပါတယ်။

မော်ရင်ဟိုဟာ ရိုးမားအသင်းမှာ ၂ နှစ်ခွဲ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ရလဒ်ဆိုးတွေကြောင့် အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ ပေါ်တူဂီသားနည်းပြဟာ ရိုးမားအသင်းကို ၁၄ နှစ်အတွင်း ပထမဆုံး ဆုဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပြီး ၂၀၂၂ တုန်းက ကွန်းဖရန့်လိဂ်ဖလား ရယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ၇ ပွဲမှာ ၄ ပွဲအထိ အရေးနိမ့်ခဲ့ပြီးနောက် အဆင့် ၉ နေရာအထိ ဆင်းခဲ့ရအပြီးမှာ ဘုတ်အဖွဲ့က မော်ရင်ဟိုကို ထုတ်ပယ်ကာ ဒီရော့ဆီကို ခန့်အပ်ခဲ့ပါတယ်။ နည်းပြဘဝပထမဆုံးအထုတ်ခံခဲ့ရပြီးနောက် မော်ရင်ဟိုက အခုလိုမျိုးထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ပြန်လာမှာပါ။ ရာသီကုန်ခါနီးအထိ မရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့မတိုင်ခင် ကျွန်တော်အထုတ်ခံခဲ့ရတာကြောင့်ပါ။ ဒါပေမယ့် ဘာလို့အထုတ်ခံခဲ့ရလဲဆိုတော့ ဘောလုံးဗဟုသုတအနည်းငယ်ရှိတဲ့ လူတစ်ဦးရဲ့ထုတ်ပယ်တာခံခဲ့ရတာပါ”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုရဲ့ပြောကြားချက်ဟာ ဒန်နဲ့ ရိုင်ယန်တို့ကို ဦးတည်ခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုကိုယ်တိုင်က စီးရီးအေကလပ်ကိုကိုင်တွယ်ရတာ စိတ်မလှုပ်ရှားဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီရော့ဆီလက်အောက်မှာ ရိုးမားအသင်းဟာ ၅ ပွဲအတွင်း ၄ ပွဲ အနိုင်ရရှိထားပြီး အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

#စီးရီးအေ #ရိုးမား #မော်ရင်ဟို