ရှေ့သို့
Image

အပြောင်းအရွှေ့ကောလာဟလတွေနဲ့ ပတ်သက်ပြီးပြောကြားလိုက်တဲ့ အန်ဇိုဖာနန်ဒက်ဇ်

9:22 AM, 14 February

ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ချဲလ်ဆီးကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်က ဘာစီလိုနာအသင်းနဲ့ ချိတ်ဆက်နေပါတယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းဆိုလိုက်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင် ကစားသမားဟာ တနင်္လာနေ့က ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ အရေးပါတဲ့ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဖာနန်ဒက်ဇ်ဟာ ကလပ်အတွက် ဂိုးသွင်းယူပြီးနောက် ချဲလ်ဆီးအသင်းမှ ထွက်ခွာကာ ဘာစီလိုနာသို့ ပြောင်းရွှေ့မယ်ဆိုတဲ့ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး တတ်နိုင်သမျှ လန်ဒန်တွင် နေချင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ပွဲအပြီး ESPN သို့ ကွင်းလယ်ကစားသမားက "ကျွန်တော် ချဲလ်ဆီးကနေ မထွက်ခွာချင်ပါဘူး။ ကျွန်တော် ဒီကိုစရောက်တည်းက အသင်းဖော်တွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ အဆင်ပြေနေပါတယ်" "ကလပ်ကသူတွေက ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံကြပြီး အဲဒါအတွက် ကျေးဇူးတင်မိပါတယ် ။ သူတို့ လိုချင်သရွေ့ ကျွန်တော် ဒီမှာ ဆက်နေမှာပါ။ ဒီကောလာဟလတွေက ဘယ်ကလာလဲတော့ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမယ့် အဲ့ဒါတွေကို ကျွန်တော် လုံးဝငြင်းပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ပိုချက်တီနိုရဲ့ကစားကွက်မှာ အရေးပါတဲ့သူတစ်ဦးအဖြစ် ရှိနေဆဲဖြစ်ပြီးလွန်ခဲ့တဲ့ ၁ နှစ်က သူ့အတွက် စံချိန်တင်ပေါင် ၁၀၇ သန်း (ဒေါ်လာ ၁၃၁ သန်း) ပေးခဲ့ရပြီးနောက် အနောက်လန်ဒန်ကလပ်ကနေ ထွက်ခွာဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ စတန်းဖို့ဒ်ဘရစ်ချ်ရှိ သူ့ရဲ့ပထမဆုံးရာသီမှာ ဖာနန်ဒက်ဇ်ဟာ ပြိုင်ပွဲစုံ ပွဲ ၃၀ မှာ ၇ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ထားပါတယ်။

ပိုချက်တီနိုရဲ့အသင်းဟာ ချန်ပီယံမန်စီးတီးနှင့် အီသီဟက်ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ပြင်ဆင်နေတာကြောင့် အာဂျင်တီးနားကစားသမားကို လာမယ့်စနေနေ့မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #ခရစ္စတယ်ပဲလေ့စ် #ဖာနန်ဒက်စ် #ပရီးမီးယားလိဂ်