ရှေ့သို့
Image

တာဝန်စတင်ယူဖို့ ရက်ရှ်ဖို့ဒ်အား တိုက်တွန်းလိုက်တဲ့ ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှား

9:14 AM, 14 February

ယူနိုက်တက်မှာ ပုံစံကို တိုးတက်အောင်လုပ်ဖို့က တန်ဟက်မဟုတ်ဘဲ မားကပ်ရက်ရှ်ဖို့ဒ်အပေါ်မှာသာ မူတည်တယ်လို့ ဆိုးလ်ရှားက အခိုင်အမာပြောဆိုလိုက်ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းကျဆင်းရခြင်းအတွက် တန်ဟက်ကို အပြစ်တင်ရန် ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားက ငြင်းဆိုခဲ့ပြီး ဒါတွေကနေလွတ်မြောက်ဖို့ ကစားသမားအပေါ်မှာသာ မူတည်ကြောင်း နော်ဝေနိုင်ငံသားက ပြောကြားလိုက်ပါတယ်။

"သူ့ရဲ့ အကောင်းဆုံးကို ရအောင်ယူဖို့က နည်းပြရဲ့အလုပ်ပဲဆိုတာ မသေချာပါဘူး။ သူ့ဆီကနေ အကောင်းဆုံးရယူဖို့က နည်းပြရဲ့အလုပ်ပဲလား ဒါမှမဟုတ် အများစုကတော့ သူ့ကိုယ်တိုင်ပဲ ဖြစ်ပြီး၊ အကောင်းဆုံးပုံစံရယူဖို့ကတော့ ကစားသမားတိုင်းရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒါက ပိုပြီးတော့အရေးကြီးပါတယ်"လို့ ဆိုးလ်ရှားက ပြောပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ၂၀၂၂-၂၃ ရာသီ ပြိုင်ပွဲစုံတွင် ဂိုး ၃၀ သွင်းယူခဲ့ပြီးနောက် ယခုရာသီတွင် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ခြေစွမ်းကျဆင်းခဲ့တာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ ၅ ကြိမ်သာ ဂိုးသွင်းယူးထားပြီး ဂိုးဖန်တီးမှု ၆ ကြိမ်သာ ပြုလုပ်ထားနိုင်ပါတယ်။

မကြာသေးမီက ဘဲဖက်စ်ရှိကလပ်တွင် ၁၂ နာရီကြာရှိခဲ့ပြီး ဖျားနာမှုကြောင့် လေ့ကျင့်ရေးကို ပျက်ကွက်ခဲ့တယ်လို့ သတင်းများထွက်ပေါ်နေခဲ့သော်လည်း ကလပ်တွင် တွေ့ရှိခဲ့ရပြီးနောက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပါတယ်။ ယူရို ၂၀၂၄ ပြိုင်ပွဲ နီးကပ်လာသည်နှင့်အမျှ ဂါရတ်ဆောက်ဂိတ်ရဲ့လူစာရင်းမှာ ပါဝင်ဖို့အတွက် တိုက်စစ်မှူးဟာ သူ့ရဲ့အရင်ပုံစံကို ပြန်ရဖို့မျှော်လင့်နေပါတယ်။ သူဟာ တနင်္ဂနွေနေ့ လူတန်တောင်နှင့်ပွဲမှာ ယူနိုက်တက်အတွက် ပါဝင်ဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ရက်ရှ်ဖို့ဒ် #ပရီးမီးယားလိဂ်