ရှေ့သို့
Image

အာဂျင်တီးနား ယူ ၂၃ အသင်းနှင့်အတူ ပဲရစ်သို့ ပြန်လာဖွယ်ရှိနေတဲ့ လီယွန်နယ်မက်ဆီနှင့် အန်ဂျယ်လ်ဒီမာရီယာ

8:43 AM, 14 February

ပြင်သစ်နိုင်ငံသား အမ်ဘာပီဟာ ၂၀၂၂ ကမ္ဘာ့ဖလားက ပြိုင်ဘက်တွေဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဖော်ဟောင်း မက်ဆီ၊ ဒီယာမီရယာတို့နှင့် ပြန်လည်ယှဉ်ပြိုင်ရပါက မည်သို့ဖြစ်မည်နည်း။

ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁၁ ရက်အထိ အကြီးကျယ်ဆုံး အားကစားပွဲကို ပဲရစ်လက်ခံကျင်းပရန် ပြင်ဆင်နေတာကြောင့် ပြင်သစ်အသင်းခေါင်းဆောင်ဟာ သူ့ရဲ့ဇာတိမြို့မှာပြုလုပ်မယ့် အိုလံပစ်အားကစားပြိုင်ပွဲတွင် ပါဝင်ကစားလိုတဲ့ဆန္ဒကို အမြဲလိုလိုလျှို့ဝှက်ထားခြင်းမရှိပါဘူး။

တနင်္ဂနွေနေ့တွင် အာဂျင်တီးနား ယူ ၂၃ အသင်းဟာ ရွှေတံဆိပ် ၂ ဆုရှင် ဘရာဇီးကို ၁-၀ ဖြင့် အနိုင်ရရှိကာ  ပြင်သစ်တွင် ကျင်းပသော အိုလံပစ်ပြိုင်ပွဲအတွက် ဝင်ခွင့်ရရှိခဲ့ပါတယ်။ လက်ရှိအာဂျင်တီးနားလူငယ်အသင်းနည်းပြဖြစ်သူ လီဗာပူးနှင့် ဘာစီလိုနာခံစစ်ကစားသမားဟောင်း မာရှေယာနိုက မီဒီယာများနှင့်တွေ့ဆုံရာတွင် ပီအက်စ်ဂျီရဲ့ကွင်းကြီးမှာ ဖိုင်နယ်ပွဲစဉ်ကို ကျင်းပမယ့် အိုလံပစ်ပွဲစဉ်အတွက် မက်ဆီနှင့် ဒီယာရီယာတို့ကို ခေါ်ယူလိုကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

"အားလုံးက လီယိုနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးနဲ့ သူနဲ့ ကျွန်တော့်ရဲ့ ခင်မင်ရင်းနှီးမှုကို သိကြပါတယ်"
"လီယိုလို ကစားသမားတစ်ယောက်ဟာ တံခါးဖွင့်ထားပြီး ကျွန်တော်တို့နဲ့အတူ ပူးပေါင်းဖို့အတွက်ဖိတ်ခေါ်မှုဟာ သူ့အပေါ်မူတည်နေပေမယ့် ဖိတ်ခေါ်မှုကတော့ ရှင်းရှင်းလင်းလင်းရှိနေမှာပါ" လို့ မာရှေယာနိုက Reuters သို့ ပြောကြားခဲ့ပါတယ်။

အိုလံပစ်အားကစားပြိုင်ပွဲရဲ့ ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေတဲ့ အမျိုးသားအသင်းတွေကို အသက်ကြီးကစားသမား ၃ ဦးအထိ ခေါ်ယူခွင့်ပြုထားတာဖြစ်ပါတယ်။ မက်ဆီဟာ ဒီမာရီယာနှင့်အတူ အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ်ဆွတ်ခူးထားပြီးဖြစ်ပြီး လွန်ခဲ့တဲ့ ၁၆ နှစ်ဖြစ်တဲ့ ၂၀၀၈ ခုနှစ် ပေကျင်းပြိုင်ပွဲမှာဖြစ်ပါတယ်။

သို့သော်လည်း ဒီမာရီယာဟာ ယခုနွေရာသီတွင်ကျင်းပတဲ့ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲအပြီးတွင် သူ့ရဲ့နိုင်ငံတကာကစားသမားဘဝကနေ အနယူးရန် ရည်ရွယ်ထားကြောင်းနှင့် လီယွန်နယ်စကာလိုနီရဲ့ စီနီယာအသင်းတွင် မက်ဆီ ပါဝင်ရန်မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် အိုလံပစ်ဘောလုံးပြိုင်ပွဲဟာ ဖီဖာပြက္ခဒိန်တွင် မပါဝင်သောကြောင့် မက်ဆီနှင့် ဒီမာရီယာတို့ရဲ့ သက်ဆိုင်ရာကလပ်များဖြစ်တဲ့ အင်တာမီယာမီနှင့် ဘင်ဖီကာတို့ဟာ သူတို့တွေစေလွှတ်ရေးမှာ ဗီတိုအာဏာသုံးနိုင်နေပါတယ်။

"သူတို့က အသင်းအတွက် အကောင်းဆုံးဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် သူတို့ကို ဖိတ်ခေါ်ဖို့ ကြိုးစားမယ်ဆိုတာ သိသာပါတယ်။ ကျွန်တော်ကတော့ သူတို့ကို ဖိတ်ကြားသွားမှာပါ" လို့ မာရှေယာနိုက ပြောပါတယ်။

#ဒီမာရီယာ #မက်ဆီ