ရှေ့သို့
Image

၉၀+၁ မိနစ်မှာ သွင်းယူခဲ့တဲ့ သူ့ရဲ့အနိုင်ဂိုးအတွက် ခရစ္စတယ်ပဲလေ့ပရိသတ်တွေကို တောင်းပန်လိုက်တဲ့ ဂယ်လာဟာ

3:26 PM, 13 February

ကော်နာဂယ်လာဟာ ဟာ အင်္ဂါနေ့နံနက်က ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲကစားချိန် ၉၀+၁ မိနစ်မှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးအပါဝင် ချဲလ်ဆီးအသင်းအတွက် ၂ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့လို့ ခရစ္စတယ်ပဲလေ့စ်ပရိသတ်တွေကို တောင်းပန်ကစားဆိုလာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပထမပိုင်းမှာ ကစားပုံညံ့ဖျင်းခဲ့တာကြောင့် ရုန်းကန်ခဲ့ရပြီး ခရစ္စတယ်ပဲလေ့စ်ဂိုးပေါက်ကို ကန်သွင်းချက်တောင်ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းအစ ၄၇ မိနစ်မှာတော့ ဂိုးစတင်ရရှိခဲ့ပြီး ကွင်းလယ်လူ ဂယ်လာဟာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ထို့နောက် ပွဲကစားချိန် ၉၀+၁ မိနစ်မှာလည်း ဂယ်လာဟာကပဲ အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး ၉၀+၄ မိနစ်မှာတော့ အန်ဇိုဖာနန်ဒက်စ်က အနိုင်ပြတ်သားစေမယ့်ဂိုးကို ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

၂၀၂၀-၂၁ ရာသီမှာ ဂယ်လာဟာ ဟာ ခရစ္စတယ်ပဲလေ့စ်ကို အငှားစာချုပ်နဲ့ သွားရောက်ကစားပေးခဲ့ဖူးပြီး တောက်ပတဲ့ခြေစွမ်းကြောင့် အသင်းရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရယ်စရာကောင်းတာက လက်ရှိချဲလ်ဆီးအတွက် ကစားပေးချိန်မှာတော့ ဂယ်လာဟာ ဟာ ခရစ္စတယ်ပဲလေ့စ်ကို ၄ ဂိုးအထိ သွင်းယူထားပြီး အခြားပရီးမီးယားလိဂ် ကလပ်တွေကို သွင်းယူထားတဲ့ ဂိုးအရေအတွက်ထက် ပိုမိုများပြားနေတာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အင်္ဂလန်လက်ရွေးစင်ကစားသမားက “ကျွန်တော် ခရစ္စတယ်ပဲလေ့စ် ပရိသတ်တွေကို ချစ်ခင်ပါတယ်။ ဒါပေမယ့် ဒါကတစ်ပိုင်းပါ။ ခံစားချက်ဆိုတာ ထိန်းချုပ်လို့မရပါဘူး။ ပဲလေ့စ်ပရိသတ်တွေကို တောင်းပန်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အသက်-၂၄ နှစ်အရွယ် ကစားသမားက အသင်းကိုနိုင်ပွဲရရှိဖို့ နည်းဗျူဟာပိုင်းအပြောင်းအလဲပြုလုပ်ခဲ့တဲ့ နည်းပြ ပိုချက်တီနိုက ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂယ်လာဟာက “နည်းပြက ကျွန်တော့်ကို ကွင်းလယ်မှု နေရာကျယ်ကျယ်ပေးခဲ့ပြီး အခွင့်အရေးတွေဖန်တီးဖို့အတွက် ကစားခိုင်းခဲ့ပါတယ်။ သူ့ရဲ့နည်းဗျူဟာက တကယ်အလုပ်ဖြစ်ခဲ့ပြီး ဒုတိယပိုင်းမှာကျွန်တော်တို့ ပိုကောင်းလာခဲ့ပါတယ်။ ပွဲအစမှာ ဂိုးတွေ သွင်းနိုင်ရင် အနိုင်ရဖို့ပိုသေချာတာ ကျွန်တော်တို့သိပေမယ့် ဒီပွဲမှာတော့ နောက်ကနေလိုက်ကစားခဲ့ရပါတယ်။ ဒီပွဲက ကျွန်တော်တို့ကစားသမားတွေအတွက် ရင်ခုန်စရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ခရစ္စတယ်ပဲလေ့စ် #ဂယ်လာဟာ #ပရီးမီးယားလိဂ်