ရှေ့သို့
Image

ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူပြီး ၁၁၈ နှစ်ကြာ မစွမ်းဆောင်နိုင်ခဲ့တဲ့ သမိုင်းမှတ်တမ်းတစ်ခုကို ရရှိခဲ့တဲ့ ချဲလ်ဆီး

10:18 AM, 13 February

ချဲလ်ဆီးအသင်းဟာ ယနေ့နံနက်က ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တာကြောင့် ၁၁၈ နှစ်အကြာ မစွမ်းဆောင်နိုင်ခဲ့တဲ့ သမိုင်းမှတ်တမ်းတစ်ခုကို ရရှိခဲ့ပါတယ်။ သို့သော်လည်း ဒီပွဲမှာ ခရစ္စတယ်ပဲလေ့စ်က ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ပထမပိုင်း ၃၀ မိနစ်မှာ လာမာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ပြန်လာနိုင်ခဲ့ပြီး အနိုင်ဂိုးတွေကို ၄၇၊ ၉၀+၁ မိနစ်တွေမှာ ကော်နာဂယ်လာဟာနဲ့ ၉၀+၄ မိနစ်မှာ အန်ဇိုဖာနန်ဒက်စ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ကြားရက်ထဲမှာလည်း ပိုချက်တီနိုရဲ့အသင်းဟာ အက်စတွန်ဗီလာကို အက်ဖ်အေဖလားမှာ အနိုင်ရထားတာကြောင့် ဒီနိုင်ပွဲဟာ ချဲလ်ဆီးရဲ့ ၂ ပွဲဆက်နိုင်ပွဲလည်းဖြစ်လာခဲ့ပါတယ်။

ယခု ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်က ချဲလ်ဆီးရဲ့ သာမန်နိုင်ပွဲတစ်ပွဲမဟုတ်ခဲ့ဘဲ သမိုင်းဝင်နိုင်ပွဲ တစ်ပွဲဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ခရစ္စတယ်ပဲလေ့စ်ကို ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်ခုတည်းမှာ ၁၃ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာဖြစ်ပြီး အသင်း တစ်သင်းတည်းကို တူညီတဲ့ပြိုင်ပွဲတစ်ခုမှာ အကြိမ်ရေအများဆုံး ဆက်တိုက်အနိုင်ရရှိတဲ့ သမိုင်းမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ယခုပွဲစဉ်ဟာ ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဒ်ဆန်အတွက် ၂၀၀ ပြည့်မြောက်ပွဲစဉ်ဖြစ်သော်လည်း သူ့ရဲ့ခရစ္စတယ်ပဲလေ့စ်နည်းပြဘဝ နောက်ဆုံးပွဲစဉ်လည်း ဖြစ်လာနိုင်ပါတယ်။  မကြာသေးမီက အာဆင်နယ်နဲ့ ဘရိုက်တန်တို့ကို ရှုံးနိမ့်ခဲ့တဲ့ ပဲလေ့စ်အတွက် ယခုရှုံးပွဲဟာ ၃ ပွဲဆက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ပွဲမစခင်မှာတော့ ပိုချက်တီနိုက ရွိုင်းဟော့ဒ်ဆန်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

အာဂျင်တီးနားသားက “ရွိုင်းက ကျွန်တော့်မိတ်ဆွေပါ။ သူ့ကို လေးစားပါတယ်။ သူကမယုံနိုင်စရာနည်းပြတစ်ဦးပါ။ သူအလုပ်ကောင်းကောင်း လုပ်ထားနိုင်တယ်လို့ ထင်ပါတယ်။ ဘောလုံးမှာက အမြဲတမ်း ဖိအားရှိနိုင်ပြီး ၁ ပွဲ ၂ ပွဲလောက် ဆက်တိုက်ရှုံးသွားရင် ပိုပြီးဖိအားများနိုင်ပါတယ်။ ဒါပေမယ့် ရွိုင်းအနေနဲ့ ခရစ္စတယ်ပဲလေ့စ်မှာ အောင်မြင်မှုရမယ်ဆိုတာ သေချာပါတယ်” “ကျွန်တော် ဆောက်သမ်တန်ကို စရောက်တုန်းက ရွိုင်းက လက်ရွေးစင်အသင်း နည်းပြဖြစ်နေပါပြီ။ သူက ကျွန်တော်တို့ပွဲတွေကို လာကြည့်ပြီး ကျွန်တော်နဲ့အတူတူ အချိန်တွေအကြာကြီး ရှိနေတာကြောင့် ကျွန်တော်တို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ခရစ္စတယ်ပဲလေ့စ် #ဂယ်လာဟာ #ပရီးမီးယားလိဂ်