ရှေ့သို့
Image

ဗီလာကို အနိုင်ရပြီးနောက် ယူနိုက်တက်ရဲ့ထိပ်ဆုံး ၄ သင်းနေရာကို ခန့်မှန်းလိုက်တဲ့ ပေါလ်စခိုးလ်

8:49 AM, 13 February

ယူနိုက်တက်ဂန္ထဝင်ဟောင်း ပေါလ်စခိုးလ်က အသင်းဟောင်းအနေနဲ့ အခုရာသီမှာ ထိပ်ဆုံး ၄ သင်းနေရာဝင်နိုင်သေးတယ်လို့ ယုံကြည်နေပါတယ်။

ချန်ပီယံဆုအတွက်တော့ လီဗာပူး၊ မန်စီးတီးနဲ့ အာဆင်နယ်တို့က အားပြိုင်နေကြပြီး ရာသီအကုန်မှာ အဆိုပါ ၃ သင်းက ထိပ်ဆုံး ၃ သင်းနေရာမှာ ရပ်တည်ဖွယ်ရှိနေပါတယ်။ ယူနိုက်တက်အတွက်ဂိုးတွေကို ဟွိုက်လန်းနဲ့ တိုမီနေးလ်တို့က သွင်းယူပေးနိုင်ခဲ့ကာ ထိပ်ဆုံး ၄ သင်း နေရာအတွက် အခြေအနေကောင်းစေခဲ့ပါတယ်။

ဆာဂျင်မီရောက်လာမှုနဲ့အတူ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်ဟာ နွေရာသီမှာ ကစားသမားအပြောင်းအလဲတွေ လုပ်ဆောင်ဖွယ်ရှိနေပါတယ်။ စခိုးလ်က ဗာရာနီ၊ ကက်စ်မဲရိုးတို့လို ကစားသမားတွေ နေရာမှာ လူငယ်တွေနဲ့ အစားထိုးရမယ်လို့ ထောက်ပြခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာ စခိုးလ်က “ကစားသမားတွေ အသင်းထံပြန်လာခဲ့ပါပြီ။ သူတို့ ရာသီမပြီးခင်အထိ တည်ငြိမ်မှုပြသနိုင်ဖို့ လိုအပ်ပါတယ်။ သူတို့ပွဲအများကြီးနိုင်နိုင်ပါတယ်။ ချန်ပီယံလိဂ်မှာ ပိုအရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ် ဒါမှမဟုတ် ၃ ပတ်လောက်တုန်းက ခံစားခဲ့ရပါတယ်။ အထူးသဖြင့် ကစားသမားအားလုံးပြန်လာနိုင်တာက ထိပ်ဆုံး ၄ သင်းနေရာ ဝင်နိုင်ဖို့ သူတို့မှာ အခွင့်အရေးရှိသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ အတွေ့အကြုံအနည်းငယ်ရခဲ့တာက အခုလိုမျိုးလမ်းကြောင်းမှန်ပေါ် ရောက်လာတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲ့တာက အရေးကြီးပါတယ်။ သူတို့မှာ လူငယ်ကစားသမားတွေအများကြီးရှိပါတယ်။ အဲ့တာကို ကျွန်တော်တို့ သိပါတယ်။ လူငယ်ကစားသမား ၃ ဦးအကြောင်း ပြောရမှာပါ။ ကက်စ်မဲရိုးနဲ့ ဗာရာနီတို့ပြန်လာနိုင်ခဲ့တာကလည်း အသင်းကို မတူညီတဲ့ အသင်းမျိုးဖြစ်လာစေပါတယ်။ တစ်ခါတလေမှာ ဘယ်လိုကစားလဲဆိုတာ ပြဿနာမဟုတ်ပါဘူး။ တစ်ချို့အချိန်တွေမှာ အဲ့တာက နာမည်တွေပါပဲ”လို့ စခိုးလ်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အက်စတွန်ဗီလာ #ပေါလ်စခိုးလ် #ပရီးမီးယားလိဂ်