ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးရင်း ဒဏ်ရာရရှိခဲ့တဲ့ ဘယ်လင်ဂမ်

1:33 PM, 12 February

ဘယ်လင်ဂမ်ရဲ့ ခြေချင်းဝတ်ဒဏ်ရာက အင်္ဂလန်ရဲ့ လာမယ့်လမှာကစားမယ့် ဘရာဇီးနှင့် ဘယ်လ်ဂျီယံတို့ပွဲစဉ်တွေအတွက် လွဲချော်မှာမဟုတ်ကြောင်း ရီးရဲလ်မက်ဒရစ်ရဲ့ အတည်ပြုချက်ကို ဆောက်ဂိတ်က ရရှိခဲ့ပါတယ်။


လာလီဂါရဲ့ ဂိုးသွင်းအများဆုံးကစားသမားဟာ စနေနေ့က ဂျီရိုနာအား ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘယ်ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ပါတယ်။


ပထမပိုင်းမှာ သူက ဒဏ်ရာရရှိမှုကို ရှောင်ရှားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပါဘလိုတောရီက နင်းလိုက်တဲ့အခါ အင်္ဂလန်ကွင်းလယ်ကစားသမားက ဆေးကုသမှုခံယူရန် လိုအပ်ခဲ့ပါတယ်။ ဘယ်လင်ဂမ်ဟာ ကုသမှုကိုခံယူပြီး ၅၇ မိနစ်တွင် လူစားလဲမခံရမီ ဒုတိယမြောက်သွင်းဂိုးကို သွင်းယူခဲ့ကာ လက်ကျန်မိနစ်တွေမှာတော့ ဒဏ်ရာအား ရေခဲထုပ်နှင့် ချည်နှောင်ထားတာကို တွေ့ခဲ့ရပါတယ်။


မက်ဒရစ်ဟာ အင်္ဂလန်ကဆရာဝန်များနှင့် ချိတ်ဆက်ကာလုပ်ဆောင်နေပြီး ကလပ်ဟာ မနေ့က နောက်ထပ် ဆေးစစ်မှုများ လုပ်ခဲ့ကာ အရွှတ်စုတ်ပျက်ခြင်းမဟုတ်တာက ဆောက်ဂိတ်အတွက် သက်သာရာရစေခဲ့ပါတယ်။


ကြွက်သားနာကျင်ခြင်းကြောင့် ဘယ်လင်ဂမ်ဟာ ရက်သတ္တပတ် ၂ ပတ်မှ ၃ ပတ်ကြားတွင် လှုပ်ရှားမှုများ မလုပ်နိုင်မှာဖြစ်သော်လည်း မတ်လ ၆ ရက်နေ့မှာကစားမယ့် လိုက်ပ်ဇစ်နှင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့အတွက် ပြန်ကစားနိုင်မယ်လို့ ရီးရဲလ်မက်ဒရစ်က ယုံကြည်နေပါတယ်။


အဆိုပါပွဲဟာ မတ် ၂၃ ရက် ဝင်ဘလေတွင် ကစားမယ့် ဘရာဇီး - အင်္ဂလန် ပွဲမတိုင်မီ နှစ်ပတ်အလိုမှာ ဘယ်လင်ဂမ်နှင့် ကလပ်သင်းဖော် ဘရာဇီးနိုင်ငံသား ဗီနီဆီးယက်စ်ဂျူနီယာတို့ ကစားရမယ့်ပွဲဖြစ်ပါတယ်။


ဘယ်လင်ဂမ်ရဲ့ သွင်းဂိုး ၂ ဂိုးနှင့်အတူ ဘရာဇီးတိုက်စစ်မှူးရဲ့ ဂိုးတွေကြောင့် မက်ဒရစ်ဟာ ဂျီရိုနာကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။


ပထမဂိုးသွင်းယူခဲ့တဲ့ ဗီနီဆီးယက်စ်ဟာ ဒုတိယနဲ့ တတိယဂိုးတွေဖြစ်တဲ့ ဘယ်လင်ဂမ်ရဲ့ဂိုးတွေကို ဖန်တီးပေးခဲ့ပါတယ်။ ၂၉ ပွဲတွင် ဂိုး ၂၀ သွင်းထားတဲ့ ဘယ်လင်ဂမ်နှင့် ပတ်သက်ပြီး ဗီနီဆီးယက်စ်က "ဂျူဒီက ကြယ်ပွင့်တစ်ယောက်ပါ။ နေ့တိုင်း အတူတူ လေ့ကျင့်ရဲတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းသိလာကြပါတယ်။ ကျွန်တော်တို့ဟာ မိသားစုဝင်တွေဖြစ်ကြပြီး သူဟာ ဂိုးတွေအများကြီး သွင်းယူနိုင်တဲ့ ကစားသမားကောင်းတစ်ဦးပါ" လို့ ပြောပါတယ်။


ဘယ်လင်ဂမ်ရဲ့ညီ ဂျိုဘီကလည်း စနေနေ့က အရန်ခုံကနေ လူစားလဲဝင်ရောက်ကာ ဆန်းဒါးလန်းရဲ့ ပလိုင်းမောက်အား ၃-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဘယ်လင်ဂမ်