ရှေ့သို့
Image

ချဲလ်ဆီးအသင်းရဲ့ ဒဏ်ရာအခြေအနေတွေအကြောင်း ထုတ်ဖော်ပြောကြားလိုက်တဲ့ ပိုချက်တီနို

1:19 PM, 12 February

ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ဒဏ်ရာအခြေအနေတွေကြောင့် အသင်းရဲ့စွမ်းဆောင်ရည်က မတည်မငြိမ်ဖြစ်နေတာတွေကို လုပ်ဆောင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

ပိုချက်တီနိုရဲ့နည်းပြဘဝအခြေအနေက အဆင်မပြေခဲ့ပြီး ၁၀ ပွဲအထိ ဒီရာသီမှာအရေးနိမ့်ထားခဲ့ကာ လက်ရှိအမှတ်ပေးဇယားရဲ့အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။


အာဂျင်တိုင်းသားဟာ ဒီရာသီအသင်းရဲ့စွမ်းဆောင်ရည်တွေကြောင့် ဝေဖန်တာတွေက မမျှတသလိုဖြစ်နေတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမယ့်တနလာၤနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဓိကကစားသမား ၉ ဦးအထိ လွဲချော်ဖို့များနေပါတယ်။


ဘာဒိုင်းရှီလီက ပြီးခဲ့တဲ့ဗီလာနဲ့ပွဲမှာ နောက်ဆုံးဒဏ်ရာရတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။ ပိုချက်တီနိုက တနလာၤနေ့ပွဲမတိုင်ခင် သတင်းထောက်တွေကို ပြောကြားရာမှာ “နားလည်လိုက်တဲ့အရာတစ်ခုရှိပါတယ်။ ဒါပေမယ့် ခင်ဗျားမှာ ခင်ဗျားအကောင်းဆုံးကစားသမားတွေမရှိဘူးဆိုရင် အဲ့တာက ခက်ခဲနိုင်ပါတယ်။

ရလဒ်တွေအပေါ်မှာပဲ ဆုံးဖြတ်လို့မရပါဘူး။ ဒါပေမယ့် အခြေအနေတွေက ဒီလိုတွေရှိပါတယ်။ ကျွန်တော်တို့ အမြဲတမ်း မတူညီတဲ့အခြေအနေတွေမှာ ကစားရပါတယ်။ ရလဒ်ကိုမြင်ရချိန်မှာ လူတွေက ပွဲအရေးနိမ့်တာကြောင့် ဝေဖန်ကြပါတယ်။


ဒါပေမယ့် ဘာကြောင့်ဆိုတဲ့စစ်ဆေးမှုမရှိပါဘူး။ ကျွန်တော်တို့ကောင်းမွန်တဲ့အချက်အလက်ပေါ်မူတည်ပြီး အာရုံစိုက်ထားပါတယ်။ ဘာဆက်ဖြစ်မလဲဆိုတဲ့ငြင်းခုန်မှုတွေတော့ရှိပါတယ်။

ဒါပေမယ့် အခုတော့ ၇ လကြာပြီးချိန်မှာ ကျွန်တော် အရှုံးပေးပြီလို့ မပြောပါဘူး။ အခုတော့ ကျွန်တော်တို့ ပွဲအနိုင်ရဖို့ ကြိုးစားရပါမယ်။ အခုဆို ကျွန်တော်ရှင်းပြဖို့ လိုအပ်နေပါတယ်။

လူတွေနားမထောင်ချင်ရင်တောင် ကျွန်တော်ရှင်းပြဖို့ လိုအပ်ပါတယ်။ ကျွန်တော် ဆက်ရှင်းပြဖို့ ခွန်အားအများကြီးမသုံးချင်ပါဘူး။ ခင်ဗျားနားလည်တယ်ဆိုရင်တော့ ပြီးပြည့်စုံပါတယ်။


ချဲလ်ဆီးကို ကူညီချင်တယ်ဆိုရင် အဲ့တာက ပြီးပြည့်စုံပါတယ်။ ကျွန်တော့်ကိုကူညီဖို့ မပြောပါဘူး။ အဲ့တာက ချဲလ်ဆီးကို ကူညီတာပါ”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းမှာ အသင်းခေါင်းဆောင် ရိစ်ဂျိမ်းစ်အပါအဝင် ဆန်းချက်ဇ် ၊ ဖိုဖာနာ ၊ ကူကူရယ်လာ ၊ လီဗီယာ ၊ အူဂိုချူကွာတို့ ဒဏ်ရာရရှိနေပါတယ်။

အန်ကူကူ ၊ ဘန်ချီဝဲလ် ၊ ဂတ်စ်တို နဲ့ ချူကွာမီကာတို့က ကာလရှည်နားနေရတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အက်ဖ်အေဖလားမှာ  ဗီလာကိုအနိုင်ရပြီးနောက် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲကို ထပ်မံအနိုင်ကန်ဖို့ ပစ်မှတ်ထားနေပါတယ်။

အဲ့နောက် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ မန်စီးတီးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ပရီးမီးယားလိဂ်