ရှေ့သို့
Image

လေဗာကူဆင်ကိုအရေးနိမ့်ခဲ့ပြီးနောက် စိတ်ပျက်မှုကို ဟယ်ရီကိန်း ထုတ်ဖော်ပြောကြား

11:43 AM, 12 February

လေဗာကူဆင်ကို ၃ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ကိန်းက စိတ်ပျက်မိကြောင်း နဲ့ ကျွန်တော်တို့ကိုယ်တိုင် အုပ်စုပြန်ဖွဲ့ရမှာဖြစ်တာကြောင့် မိမိကိုယ်ကိုယ်အာရုံစိုက်ရမယ်လို့ ပြောကြားလိုက်ပါတယ်။

လေဗာကူဆင်ဟာ လက်ရှိမှာလိဂ်ကိုဦးဆောင်နေပြီး ဘိုင်ယန်ကို ၃ ဂိုးပြတ်အနိုင်ယူခဲ့ကာ စတန်နီဆစ်က ပွဲကစားချိန် ၁၈ မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။


အဲ့နောက် ဂရီမယ်ဒိုက ဒုတိယဂိုးကို သွင်းယူပေးခဲ့ပြီး ဖရင်းပေါင်က တတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ 

လေဗာကူဆင်ဟာ အဆိုပါအနိုင်ရလဒ်ကြောင့် ဒီရာသီဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့ပြီး အလွန်ဆိုရဲ့အသင်းဟာ အနီးကပ်ဆုံးပြိုင်ဘက်ကို ၅ မှတ်ဖြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။

ကိန်းဟာ ပြီးခဲ့တဲ့အပတ်တုန်းက မိုချန်ဂလာဘတ်ကို ၃-၁ နဲ့ အနိုင်ရရှိတုန်းက လိဂ် ၂၄ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့ပြီး စနေနေ့တုန်းက စိတ်ပျက်စရာဖြစ်လာခဲ့ပါတယ်။


“ကျွန်တော်တို့ ဘောလုံးနဲ့အတူ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ ဖိအားတွေကြောင့်လို့ ကျွန်တော်ထင်ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာပါ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်းဖိအားပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အဲ့လိုဖိအားပေးတိုင်း ကျွန်တော်တို့ကို သူတို့ကို ပြန်ပြီးဒုက္ခပေးနိုင်ခဲ့ပါတယ်။ အဲ့တာက သူတို့အတွက် အရှိန်အဟုန်တည်ဆောက်ခွင့်ပြုသလိုဖြစ်ခဲ့ပါတယ်။


Final Third ဇုန်မှာလည်း ကျွန်တော်တို့ တစ်ဦးချင်းအနေအထားအရ မကောင်းခဲ့ပါဘူး။ လုယူမှုတွေမှာလည်း အဆင်မပြေခဲ့ပါဘူး။ စိတ်ပျက်စရာနေ့တစ်နေ့ပါ။ အခုဆို ကျွန်တော်တို့ ၅ မှတ်ကွာဟခဲ့ပါပြီ။ 

ဒါပေမယ့် ပွဲတွေအများကြီးကန်ဖို့ကျန်နေပါသေးတယ်။ ဒီတစ်ခုက နာကျင်ရပါတယ်။ ကျွန်တော်တို့ မတူညီတဲ့နည်းလမ်းနဲ့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ပထမဆုံးချန်ပီယံလိဂ်ကို အာရုံစိုက်ဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ပွဲတွေအများကြီးကန်ပြီးပါပြီ။ အမှတ်တွေရနိုင်သလောက်ယူဖို့ လိုအပ်ပါတယ်”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။


လေဗာကူဆင်ဟာ လက်ရှိဘွန်ဒက်စ်လီဂါဟာ အမှတ်ပေးဇယားမှာ ၅ မှတ်ဖြတ်ဦးဆောင်ထားပြီး ကိန်းက အလွန်ဆိုရဲ့အသင်းဟာ ဆုဖလားအောင်မြင်မှုအတွက် ရေပန်းအစားဆုံးဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။

“ဒါက ကျွန်တော်တို့ဆုံးဖြတ်လို့ရတာမဟုတ်ပါဘူး။ ဒါကြောင့် လူတိုင်းဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အတွက် ကိုယ့်ကိုကိုယ်အာရုံစိုက်ရပါမယ်။ ကျွန်တော်တို့ တိုးတက်ဖို့ လိုအပ်ပါတယ်။

ပိုကောင်းအောင်လုပ်ဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တု့ိ အဲ့တာကို သိပါတယ်။ ပွဲတွေက ကျပ်လာခဲ့ပြီဖြစ်သလို အလျင်အမြန်ပြန်လာနိုင်ဖို့ လိုအပ်ပါတယ်”လို့ ကိန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#လေဗာကူဆင် #ဟယ်ရီကိန်း #ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ