ရှေ့သို့
Image

ကွန်းဖရန့်လိဂ်လူစာရင်းတွင် မထည့်သွင်းခဲ့တဲ့အတွက် ဗန်ဒီဘိခ်ကိုတောင်းပန်လိုက်တဲ့ ဖရန့်ဖတ်နည်းပြ

10:28 AM, 11 February

ဗန်ဒီဘီခ်ဟာ ၂၀၂၀ ခုနှစ်တွင် အေဂျက်စ်မှ ပေါင်သန်း ၄၀ ဖြင့် ပြောင်းရွှေ့လာပြီးနောက် ယူနိုက်တက်တွင် ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့ဘဲ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ လက်ကျန်ရာသီအတွက် ဖရန့်ဖတ်သို့ အငှားဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။သို့သော်လည်း နယ်သာလန်သားဟာ ယခုအချိန်အထိ ဂျာမန်ကလပ်အတွက် ဘွန်ဒက်စ်လီဂါပွဲ ၃ ပွဲသာ ကစားထားရပြီး ကွန်းဖရန့်လိဂ်ရဲ့ လူစားရင်းမှလည်း ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

ဗန်ဒီဘီခ်ဟာ ဖရန့်ဖတ်အသင်းတွင် ရှိနေစဉ်အတွင်း ခြေစွမ်းပြသနိုင်မယ့် အခွင့်အရေးများစွာ ရရှိမယ်လို့ တော့ပ်မိုလာက အခိုင်အမာ ပြောကြားခဲ့သော်လည်း ယူနိုက်တက်တွင် ကစားချိန်မရရှိခဲ့တာကြောင့် နယ်သာလန်ကွင်းလယ်လူအား စိတ်ရှည်ရန် လိုအပ်ကြောင်း ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။"သူဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ စုစုပေါင်း ၄ ပွဲသာ ကစားခဲ့ရတာကြောင့် နေချင်းညချင်း ခြေစွမ်းပြသဖို့ဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး"

"ဒါပေမယ့် သူ့အရည်အသွေးအပေါ် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ပြီး ဒုတိယရာသီဝက်မှာ ကျွန်တော်တို့ကို သေချာပေါက် ကူညီပေးနိုင်မှာပါ""သူ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်လို့ ပြောကြားခဲ့သလို့ သူ့အပေါ် မျှော်လင့်ထားတာကိုလည်း ပြောကြားခဲ့ပါတယ်" လို့ တော့ပ်မိုလာက ပြောပါတယ်။တော့ပ်မိုလာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယူ၂၁ အသင်းနှင့် တံခါးပိတ်ခြေစမ်းပွဲတွင် ဗန်ဒီဘီခ်ရဲ့ တုံ့ပြန်မှုတွေကို သဘောကျမိကြောင်း ပြောကြားခဲ့ပါတယ်။

"ဒါဟာ သူက ဆုံးဖြတ်ချက်ကို ကောင်းကောင်းကိုင်တွယ်နိုင်တယ်ဆိုတာ ကျွန်တော့်ကို ပြသခဲ့တာပါ""သူက စိန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ" လို့ နည်းပြက ပြောပါတယ်။ဖရန့်ဖတ်ဟာ ယူနိုက်တက်နှင့် သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဗန်ဒီဘိခ်ကို ယူရို ၁၁ သန်း (ပေါင် ၉.၃ သန်း) နှင့် အပိုပရိုဂရမ်များအတွက် ယူရို ၃ သန်း (ပေါင် ၂.၅ သန်း) ဖြင့် ဝယ်ယူရန် ရွေးချယ်ခွင့်ရှိနေတာဖြစ်ပါတယ်။


#မန်ချက်စတာယူနိုက်တက် #ဖရန့်ဖတ် #ဗန်ဒီဘိခ် #ဘွန်ဒက်စ်လီဂါ