ရှေ့သို့
Image

မက်ဆီဝင်မကစားလို့ အာဂျင်တီးနားရဲ့ ခြေစမ်းပွဲ ၂ ပွဲကို ဖျက်သိမ်းလိုက်တဲ့ တရုတ်တာဝန်ရှိသူများ

10:13 AM, 11 February

ကမ္ဘာ့ဖလားချန်ပီယံတွေဟာ ဟွမ်ဂျိုးတွင် နိုင်ဂျီးရီးယား၊ ဘေကျင်းတွင် အိုင်ဗရီကို့စ်တို့နှင့် မတ်လတွင် ကစားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ တနင်္ဂနွေနေ့က ဟောင်ကောင်အသင်းနှင့်ပွဲမှာ သူ့ရဲ့ကလပ်အတွက် မကစားနိုင်ခဲ့တာကြောင့် တရုတ်ပရိသတ်တွေက ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။အသက် ၃၆ နှစ်အရွယ် မက်ဆီဟာ ပေါင်ခြံဒဏ်ရာကြောင့် မကစားနိုင်ဘူးလို့ ပြောဆိုထားပါတယ်။

သို့သော် ၃ ရက်အကြာ ဂျပန်ရှိ ဗစ်ဆယ်ကိုဘီနှင့်ပွဲမှာတော့ အရန်ခုံကနေဝင်ရောက်ကစားခဲ့တာကြောင့် တရုတ်တွင် မက်ဆီဟာ ဝေဖန်မှုကို ခံခဲ့ရပါတယ်။လီယွန်နယ်မက်ဆီ ပါဝင်မယ့်ပွဲစဉ်ကို ဘေဂျင်းတွင် လောလောဆယ် စီစဉ်ရန် အစီအစဉ်မရှိသေးကြောင်း ဘေကျင်းဘောလုံးအဖွဲ့ချုပ်က စနေနေ့တွင် ပြောကြားခဲ့ပါတယ်။သောကြာနေ့တွင် ဟွမ်ဂျိုးရှိပွဲစဉ်ကို ဖျက်သိမ်းလိုက်တဲ့အခါ အားကစားဗျူရိုက "သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အရ လူတိုင်းသိတဲ့ အကြောင်းပြချက်တွေကြောင့် ပွဲကျင်းပမယ့် အခြေအနေတွေကို မလိုက်လျောနိုင်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်ရှိ ပရိသတ်တွေဟာ အင်တာမီယာမီရဲ့ တွဲဖက်ပိုင်ရှင် ဒေးဗစ်ဘက်ခမ်းအား အော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး မက်ဆီရဲ့ ကွင်းအတွင်းသို့ မဝင်နိုင်ခဲ့ခြင်းကြောင့် သူတို့ရဲ့ လက်မှတ်ခငွေကြေးများ ပြန်လည်ရရှိရန် အော်ဟစ်ခဲ့ကြပါတယ်။ပွဲစီစဉ်သူတွေဖြစ်တဲ့ Tatler Asia မှ ၅၀ % ပြန်အမ်းမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။


#အာဂျင်တီးနား #မက်ဆီ #အိုင်ဗရီကို့စ်