ရှေ့သို့
Image

ဂျီရိုနာကို ဂိုးပြတ်အနိုင်ယူကာ အမှတ်ပေးဇယားကို ၅မှတ်ဖြတ်ဦးဆောင်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်

9:46 AM, 11 February

ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့ညက ဆုဖလားပြိုင်ဘက် ဂျီရိုနာကို ဂိုးပြတ်အနိုင်ယူကာ လာလီဂါဖလားကို ဆွတ်ခူးနိုင်ဖို့ နီးစပ်လာခဲ့ပါတယ်။ရီးရဲလ်တို့ ပွဲအစ၆မိနစ်ကတည်းက ဗင်နီစီးယက်စ်ရဲ့သွင်းဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့ပါတယ်။ ၃၅မိနစ်မှာ ဗင်နီစီးယက်စ်ရဲ့ လှပတဲ့ပေးပို့မှုကနေ ဘယ်လင်ဟမ်က ဂိုးသမားကိုပါ ကျော်ဖြတ်ကာ ရီးရဲလ်အတွက် ဒုတိယဂိုးကို လှလှပပသွင်းယူပေးခဲ့ပါတယ်။

၅၄မိနစ်မှာ ဘယ်လင်ဟမ်ကပဲ ရီးရဲလ်အတွက် ဒီနှစ်ရာသီ ဂိုး၂၀မြောက်သွင်းဂိုးအဖြစ် သွင်းယူပေးခဲ့ပါတယ်။၇မိနစ်အကြာမှာပဲ ဗင်နီစီးယက်စ်ရဲ့ပေးပို့မှုကနေ ရိုဒရီဂိုက ရီးရဲလ်အတွက် လေးဂိုးမြောက်သွင်းအဖြစ် သွင်းယူပေးသွားခဲ့ပါတယ်။ပွဲပြီးခါနီး ဟိုဆေးလူသာ ပင်နယ်တီဝင်ခဲ့မယ်ဆိုရင် ရီးရဲလ်တို့ ဒီထက်ဂိုးပြတ်တဲ့ နိုင်ပွဲတစ်ခုကို ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။အခုလို ဂျီရိုနာကို ဂိုးပြတ်နိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ အမှတ်ပေးဇယားကို ၅မှတ်အသာနဲ့ အေးအေးလူလူ ဦးဆောင်လျက်ရှိနေပါတယ်။


#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဗင်နီစီးယက်စ် #ဂျီရိုနာ