ရှေ့သို့
Image

ချဲလ်ဆီးက ဒီလောက်အထိ ယုံကြည်မှုရှိပြီး စည်းလုံးညီညွတ်တာကို တစ်ခါမှမမြင်ဖူးပါဘူးလို့ ပြောကြားလိုက်တဲ့ ဘန်ချီဝဲလ်

1:50 PM, 9 February

ချဲလ်ဆီးအသင်း အဝတ်လဲခန်းရဲ့ စည်းလုံးညီညွတ်မှုဟာ သူမြင်ဖူးသမျှထဲမှာ အကောင်းဆုံး ဖြစ်တယ်လို့ ဘန်ချီဝဲလ်က ပြောကြားလိုက်ပါတယ်။

လိဂ်ပွဲစဉ်တွင် လီဗာပူးနှင့် ဝုဗ်တို့ကို ရှုံးနိမ့်ပြီးနောက် နည်းပြ ပိုချက်တီနိုဟာ ဖိအားတွေအောက်သို့ ရောက်ခဲ့သော်လည်း ချဲလ်ဆီးဟာ လက်ရှိရာသီရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ဖြင့် နည်းပြအတွက် ကစားနေဆဲဖြစ်ကြောင်း ပြသခဲ့ပါတယ်။ မနေ့ညက ဗီလာပါ့ခ်မှာ ချဲလ်ဆီးက ၃-၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်သို့ တက်ရောက်သွားခဲ့ပါတယ်။

ပထမပိုင်းရှိ ဂယ်လာဂါ နဲ့ နီကိုလက်စ်ဂျက်ဆင်တို့ရဲ့ ဂိုးတွေကြောင့် ချဲလ်ဆီးက ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ဖရီးကစ်ကြောင့် ဒုတိယပိုင်းမှာ ဂိုးရရှိခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပဉ္စမအကျော့ပွဲစဉ်မှာ လိဒ်စ်နှင့်တွေ့ဆုံရမှာဖြစ်ပြီး အသင်းခေါင်းဆောင် ဘန်ချီဝဲလ်က "ဒါက ကျွန်တော်တို့ လိုချင်တာနဲ့ လိုအပ်တာ အတိအကျပါပဲ" "ကျွန်တော်တို့က ဒီလိုဖိအားတွေကို လိုချင်ခဲ့တာပါ။ ကျွန်တော်တို့ အောင်မြင်ခဲ့ပါတယ်။ အ၀တ်လဲခန်းမှာ ပွဲမစခင် ယုံကြည်မှုတွေနဲ့ စည်းလုံးညီညွတ်မှုဟာ ကျွန်တော်မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ" "ကျွန်တော်တို့က ကွင်းထဲမှာ ပေးလိုက်နိုင်ခဲ့ပါတယ်။ နည်းပြတစ်ဦးတည်းမဟုတ်ဘဲ ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ ပရိသတ်တွေ၊ ကလပ်နဲ့ ဆက်နွယ်နေတဲ့လူတိုင်းက ဒီနေ့မှာ အဲ့ဒီအရာကိုလိုအပ်ခဲ့ပါတယ်"လို့ ပြောပါတယ်။

ချဲလ်ဆီးဟာ ခက်ခဲတဲ့ ရက်သတ္တပတ်များအပြီးတွင် ပရိသတ်တွေ အတွက် ခြေစွမ်းပြကစားလိုတာကြောင့် တနင်္လာနေ့ ခရစ္စတယ်ပဲလေ့စ်သို့ သွားရောက်ကစားမယ့် ခရီးစဉ်အတွက် ယုံကြည်မှုရှိနေပါတယ်လို့ ဂယ်လာဟာက ပြောကြားထားပါတယ်။

"ကျွန်တော်တို့ရဲ့ နောက်ဆုံး ၂ ပွဲအပြီးမှာ ကစားသမားတိုင်းက ကောင်းတဲ့အရာတစ်ခုရှိဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ကြပြီး အရေးကြီးဆုံးက နိုင်ပွဲဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်" "နိုင်ပွဲအတွက် ဆာလောင်မှုတွေ အများကြီးရှိခဲ့ပြီး အဲဒါက ပွဲတိုင်းအတွက် လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံး ၂ ပွဲမှာ အသင်းက ကောင်းကောင်းမကစားနိုင်ခဲ့တာကြောင့် ပွဲမကစားခင်မှာ ဒါကို နားလည်နိုင်မယ်လို့ ထင်ပါတယ်" "ကစားသမားတိုင်းက တကယ်ကို စိတ်အားထက်သန်နေကြပြီး ပရိတ်သတ်တွေကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပေးစွမ်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ဘယ်လိုကစားရမလဲဆိုတာ သိပါကြပြီး အဲဒါကို ပြသခဲ့ပါတယ်။ ဒီရာသီမှာ အကြိမ်ပေါင်းများစွာ ကောင်းကောင်းမစွမ်းဆောင်နိုင်ခဲ့ပေမဲ့လည်း ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အချိန်တွေမှာ ကောင်းကောင်းကစားနိုင်ခဲ့တာကြောင့် ကျွန်တော်တို့ ဘယ်လောက်ကောင်းနိုင်မလဲဆိုတာ သိပါတယ်" "ကျွန်တော်တို့က တကယ်ကို စိတ်လှုပ်ရှားနေပြီး ဗီလာက ထိပ်တန်းအသင်းတစ်သင်းမို့ သူတို့ကို နိုင်ဖို့၊ ကျွန်တော်တို့လုပ်ဆောင်ပုံက အရမ်းကောင်းခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ယုံကြည်မှုတွေအများကြီးယူပြီး နောက်တစ်ပွဲမှာ ကောင်းကောင်းရောက်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်"လို့ ဂယ်လာဂါက ပြောပါတယ်။

မနေ့ညက ဂိုးဟာ ဂယ်လာဂါရဲ့ ပထမဆုံးဂိုးဖြစ်ခဲ့ပြီး ကွင်းလယ်ကစားသမားက "ဒါက ကျွန်တော့်ပခုံးပေါ်မှာ ထမ်းတင်ထားတဲ့အရာတစ်ခုပါ။ နောက်ဆုံးတော့ ကျွန်တော် ဂိုးသွင်းရတာကို နှစ်သက်ပြီး ဂိုးသွင်းချင်နေခဲ့ပါတယ်။ ဒီရာသီမှာတော့ ကျွန်တော် အဲ့ဒီလိုမလုပ်ရသေးပါဘူး။ နောက်ထပ်နည်းနည်းတော့ ရနိုင်အုံးမယ်လို့ မျှော်လင့်မိပါတယ်"လို့ ပြောပါတယ်။

#ချဲလ်ဆီး #ဘန်ချီဝဲလ် #ပရီးမီးယားလိဂ်