ရှေ့သို့
Image

ဘာစီလိုနာမှာ မက်ဆီရဲ့ နံပါတ် ၁၀ ကို ဘာကြောင့် မဝတ်ဆင်ခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ အဂူရို

1:34 PM, 9 February

အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်ဟောင်းသည် နှလုံးရောဂါကြောင့် ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီး ဘာစီလိုနာသို့ သူ့ရဲ့ပြောင်းရွှေ့မှုအပေါ် ပြောကြားလိုက်ပါတယ်။

မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကိစ္စနှင့်ပတ်သက်ပြီး ပြောကြားခဲ့ပြီးနောက် သူဟာ အင်္ဂလန်မှာ ဆက်နေချင်သော်လည်း အသင်းကတော့ အလွတ်ပြောင်းရွှေ့နဲ့ လက်လွှတ်ချင်ခဲ့တာဖြစ်ပါတယ်လို့ အဂူရိုက ပြောပါတယ်။

"၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ မန်စီးတီးက ကျွန်တော့်ကို စာချုပ်သက်တမ်းတိုးတော့မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်" "ဖေဖေါ်ဝါရီလမှာ သူတို့က ဒါကို အတည်ပြုခဲ့ပါတယ်။ ကျွန်တော်က နောက်ထပ် ၁ နှစ် နေချင်ပါတယ်။ ကျွန်တော်က အရန်ခုံမှာ ထိုင်နေဖို့ပါ ဆန္ဒရှိခဲ့တာပါ။ ကျွန်တော်က ပတ်နဲ့အတူကစားဖူတာကြောင့် သူ့ကိုကူညီချင်ခဲ့တာပါ"လို့ အဂူရိုက ပြောပါတယ်။

ထွက်ခွာဖွယ်ရှိတယ်ဆိုတဲ့ ကောလာဟလတွေကြားမှာ မက်ဆီက နူးကမ့်မှာ ဆက်နေမယ်ဆိုတဲ့ အာမခံချက်ဖြင့် ဘာစီလိုနာသူက သူ့ကိုခေါ်ယူဖို့ စည်းရုံးခဲ့ပါတယ်။ "သူက ဘာစီလိုနာနှင့် သက်တမ်းတိုးပြီး လေ့ကျင့်မှုတွေ စတင်တော့မှာဖြစ်ကြောင်း မက်ဆီက ကျွန်တော့်ကို အာမခံခဲ့ပါတယ်" "သတင်းကိုတွေ့တော့ အတုအယောင်လို့ထင်ခဲ့တယ်။ ကျွန်တော် သူ့ဆီ စာရေးပြီး မေးမြန်းတော့ ဟုတ်တယ်လို့ သူက ပြန်ဖြေခဲ့ပါတယ်။ သူ့ကို ဘယ်လိုပြန်ဖြေရမှန်းတောင် မသိတော့ခဲ့တာကြောင့် ပြန်မဖြေခဲ့ပါဘူး" "နောက်နေ့တွေ့တော့ သူက တော်တော်ဆိုးခဲ့ပါတယ်" လို့ အဂူရိုက ပြောပါတယ်။

ကတ္တလန်ကလပ်သို့ ရောက်ရှိပြီး မကြာခင်မှာပဲ အခွန်ဆောင်ပေးပြီး တစ်နှစ်ကို ပေါင် ၂၅ သန်းတန် စာချုပ်ဖြင့် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့သွားတဲ့ မက်ဆီကို အဂူရိုက နှုတ်ဆက်ခဲ့ရပါတယ်။ မကြာခင်မှာပဲ အဂူရိုဟာ မက်ဆီရဲ့ အထင်ကရ နံပါတ် ၁၀ အင်္ကျီကိုဝတ်ဆင်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့် အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူးဟောင်းက သူ့သူငယ်ချင်း ပြန်လာမယ်လို့ ယုံကြည်တာကြောင့် ငြင်းပယ်ခဲ့ပါတယ်။

"လီယိုထွက်သွားပြီးတာနဲ့ ကလပ်က ကျွန်တော့်ကို နံပါတ် ၁၀ ဝတ်ဆင်ဖို့ ကမ်းလှမ်းခဲ့တယ်။ မယူဘူးလို့ ကျွန်တော်ပြန်ပြောခဲ့ပါတယ်။ အခြားကလပ်တွေ အားလုံးမှာ နံပါတ် ၁၀ ဝတ်ခဲ့သော်လည်း ကျွန်တော်မလိုချင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီ ပြန်လာမယ်လို့ ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ တခြားတစ်ယောက်ယောက်ကသာ ယူသင့်တယ်လို့ ပြောခဲ့ပါတယ်" "မင်း ဒါမှမဟုတ် အန်ဆုကသာ ဒီနံပါတ်ကို ယူနိုင်တယ်လို့ သူတို့က ကျွန်တော့်ကိုပြောခဲ့ပါတယ်။ အန်ဆုကိုသာပေးဖို့ ကျွန်တော်ပြောခဲ့ပြီး ကျွန်တော့်အတွက်ကတော့ လီယိုကသာ နံပါတ် ၁၀ ဖြစ်ကာ သူမရှိရင် မသုံးသင့်ပါဘူး"လို့ အဂူရိုက ပြောပါတယ်။

#လာလီဂါ #ဘာစီလိုနာ #အဂူရို #မက်ဆီ