ရှေ့သို့
Image

ဘယ်လိုရူးသွပ်ဖွယ်အစီအစဉ်ကြောင့် ယူနိုက်တက်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ မော်ရင်ဟို

8:52 AM, 9 February

ရစ်ချက်ကီးကတော့ မော်ရင်ဟိုတစ်ယောက် ၂၀၁၈ တုန်းက ဘယ်လိုရူးသွပ်ဖွယ်အစီအစဉ်ကြောင့် ယူနိုက်တက်ကနေ ထုတ်ပယ်ခံခဲ့ရလဲဆိုတာကို ရှင်းပြလိုက်ပါတယ်။ မော်ရင်ဟိုဟာ ယူနိုက်တက်မှာ ၂ နှစ်ခွဲလောက်နည်းပြခဲ့ပြီး အသင်းနဲ့အတူ ယူရိုပါလိဂ် ၊ ကာရာဘောင်အပြင် ပရီးမီးယားလိဂ်မှာအဆင့် ၂ နေရာအထိ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အသက် ၆၁ နှစ်သားဟာ ၂၀၁၈ - ၁၉ ရာသီအစမှာ ရလဒ်တွေဆိုးဝါးခဲ့ပြီး ၁၇ ပွဲမှာ ၇ ပွဲသာ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာက အသင်းနဲ့ ၁၉ မှတ်အထိ ကွာဟခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရစ်ချက်ကီးစ်က မော်ရင်ဟိုတစ်ယောက် ယူနိုက်တက်ကနေ အထုတ်ခံခဲ့ရတာက ပေါ့ဂ်ဘာကို ရောင်းထုတ်ပြီးနောက် ၃ ပွဲဆက်အရေးနိမ့်ရာကနေ စတင်ခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“သူကျွန်တော့်ကို တစ်ခါပြောဖူးတယ်။ ပေါ့ဂ်ဘာထွက်ခွာပြီးနောက် ၃ ပွဲဆက်အရေးနိမ့်နေချိန်မှာ အထုတ်ခံရမယ်ဆိုတာ သူသိတယ်လို့ ပြောဖူးပါတယ်။ အဲ့အချိန်တုန်းက ပေါ့ဂ်ဘာရဲ့အခြေအနေက အမြင့်ဆုံးအနေအထားဖြစ်နေတာပါ။ အားလုံးက စီစဉ်ထားတဲ့အတိုင်း အလုပ်ဖြစ်နေသလိုပါပဲ။ သူကလည်း အထုတ်ခံချင်နေတယ်။ သူဖြစ်ချင်တဲ့အတိုင်းဖြစ်ခဲ့တာပါ”လို့ ရစ်ချက်ကီးစ်က ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုဟာ ပေါ့ဂ်ဘာကို ၂၀၁၆ တုန်းက ဂျူဗင်တပ်စ်ထံကနေ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပြီး ၂ ဦးကြား နောက်ပိုင်းမှာ အချင်းများမှုတွေကနေ ဆက်ဆံရေးယိုယွင်းလာခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီသားနည်းပြဟာ ပေါ့ဂ်ဘာကို အသင်းဖော်တွေအား ဗိုင်းရပ်စ်ဖြန့်တဲ့သူလို့ အမည်တပ်ခဲ့တာဖြစ်ပြီး ပြင်သစ်သားက စိတ်ဓာတ်ကျမှုတွေခံစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရိုးမားကနေ ထွက်ခွာပြီးနောက် မော်ရင်ဟိုဟာ လက်ရှိမှာအသင်းလက်မဲ့ဖြစ်နေပြီး ချဲလ်ဆီးအသင်းကိုပြန်လာဖို့ ချိတ်ဆက်မှုတွေ ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် တန်ဟက်နေရာမှာလည်း အစားဝင်မယ်လို့ သတင်းတွေကြီးနေပါတယ်။

နယ်သာလန်သားနည်းပြရဲ့အနာဂတ်က မသေချာသေးတာဖြစ်ပြီး ဝက်စ်ဟမ်းကို ၃ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဖိအားတွေတော့ လျော့ချနိုင်ခဲ့ပါတယ်။ ဆာဂျင်မီကတော့ တန်ဟက်ကို ရာသီမကုန်ခင်အထိ အချိန်ပေးဖို့ ပြင်ဆင်ထားပြီး ရာသီအကုန်မှသာ တစ်ခုခုဆုံးဖြတ်ဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #မော်ရင်ဟို #ပရီးမီးယားလိဂ်