ရှေ့သို့
Image

မက်ဆီရဲ့ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ အင်တာမီယာမီနည်းပြ မာတီနို

8:24 AM, 9 February

ဗစ်ဆဲလ်ကိုဘေးအသင်းနဲ့ခြေစမ်းပွဲမှာ မက်ဆီတစ်ယောက် လူစားဝင်ကစားခဲ့ပြီးနောက် အင်တာမီယာမီနည်းပြ မာတီနိုက အာဂျင်တိုင်းသားရဲ့ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဘော်လွန်းဒီအော်ဆု ၈ ကြိမ်ရ မက်ဆီဟာ အယ်လ်-ဟီလယ်အသင်းနဲ့ပွဲမှာ မိနစ်အနည်းငယ်ကစားပြီးကတည်းက ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာခံစားနေရတာဖြစ်ပါတယ်။ မက်ဆီဟာ ဟောင်ကောင်အသင်းနဲ့ခြေစမ်းပွဲကိုလည်း လွဲချော်ခဲ့ပြီး ပရိသတ်တွေရဲ့ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် တိုကျိုမှာ ကိုဘေးအသင်းကို ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ မိနစ် ၃၀ ပါဝင်ကစားခဲ့ပါတယ်။

“အဲ့တာက ပွဲတစ်ပွဲပါပဲ။ သူတို့ ပထမပိုင်းမှာ ပိုကောင်းအောင်ကစားနိုင်ခဲ့ပါတယ်။ သူတို့ ဂိုးသွင်းနိုင်မယ့်အခွင့်အရေးတွေရခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ တိုးတက်လာခဲ့ပါတယ်။ မနေ့က လေ့ကျင့်ခန်းအစီအစဉ်အပြီးမှာ လီယိုတစ်ယောက် အခြေအနေပိုကောင်းလာပါတယ်။ ဒါကြောင့် သူ့ကိုမိနစ် ၃၀ လောက် အချိန်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပွဲအပြီးမှာ သူပျော်ရွှင်နေပါတယ်။ ဘာလို့လဲဆိုတော့ သူ သက်တောင့်သက်သာခံစားနေရတာကြောင့်ပါ”လို့ မာတီနိုက ပြောကြားခဲ့ပါတယ်။

အင်တာမီယာမီဟာ ရာသီကြိုခရီးစဉ်မှာ ခြေစွမ်းကျဆင်းနေပြီး ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။
အယ်လ်-ဆယ်လ်ဗာဒေါအသင်းကို သရေကျခဲ့သလို ဒါးလက်စ်အသင်းကို ၁-၀ ၊ အယ်လ်-ဟီလယ်အသင်းကို ၄-၃ နဲ့ အယ်လ်နာဆာကို ၆ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်တာမီယာမီဟာ ဘွတ်ကီဒိုင်တွေရဲ့အဆိုအရ အင်တာမိုင်ယာမီ အသင်းဟာာ ဒီရာသီမေဂျာလိဂ်ဖလားဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

မက်ဆီအပြင် လက်ရှိမှာလည်း ဆွာရက်ဇ်၊ အယ်လ်ဘာ၊ ဘက်စ်ကွက်တို့ကိုလည်း ခေါ်ယူထားနိုင်ခဲ့ပါတယ်။ အင်တာမိုင်ယာမီဟာ ရာသီကြိုခြေစမ်းပွဲနောက်ဆုံးပွဲအဖြစ် မက်ဆီရဲ့အသင်းဟောင်း နယူးအိုးဘွိုင်းလ်အသင်းနဲ့ကန်ရမှာဖြစ်ပါတယ်။

အဲ့နောက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ မေဂျာလိဂ်ရာသီသစ်ပွဲစဉ်အဖြစ် Real Salt Lake အသင်းနဲ့ စတင်ကန်ရမှာဖြစ်ပြီး မက်ဆီတစ်ယောက် ကြံ့ခိုင်မှုပြည့်ဝခဲ့မယ်ဆိုရင် ၂ ပွဲစလုံးမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

#မက်ဆီ #အင်တာမီယာမီ #ခြေစမ်းပွဲ #တာတာမာတီနို