ရှေ့သို့
Image

အဝတ်လဲခန်းထဲက ဘာပေရဲ့အပြောင်းအရွှေ့အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ လူးကပ်စ်ဟာနန်ဒက်ဇ်

1:15 PM, 8 February

ပီအက်စ်ဂျီစတား လူးကပ်စ်ဟာနန်ဒက်ဇ်က ဘာပေရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အဝတ်လဲခန်းထဲက အကြောင်းကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘာပေရဲ့အနာဂတ်က စိတ်ဝင်စားစရာဖြစ်နေဆဲဖြစ်ပြီး ရာသီအကုန်မှာ ရီးရဲလ်ထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အခြားတစ်ဖက်မှာ ရီးရဲလ်အနေနဲ့ ပြင်သစ်သားနဲ့ ငွေကြေးပိုင်းဆိုင်ရာ သဘောတူညီမှုရယူနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဘာပေတစ်ယောက် ရီးရဲလ်အသင်းကိုပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေအပေါ် ဟာနန်ဒက်ဇ်က အဝတ်လဲခန်းထဲမှာ အသင်းဖော်တွေဘယ်လိုပြုမူလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"ကျွန်တော် အရှိတရားကိုပြောရရင် အဲ့အကြောင်း ကျွန်တော်တို့ မပြောဖြစ်ပါဘူး။ သူ့နောက်မှာအများကြီးစောင့်နေတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါကြောင့် သူ့ကိုအများကြီး စိတ်မပျက်စေချင်ပါဘူး။ အဲ့တာက သူ့အပေါ်မှာပဲ မူတည်တာပါ။ သူ့အတွက် ၊ သူ့မိသားစုအတွက် သူ့ကစားသမားဘဝအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်မျိုး သူချမှတ်နိုင်လိမ့်မယ်လို့ ကျွန်ောတ်ထင်ပါတယ်။ ပီအက်စ်ဂျီမှာ ကျွန်တော်တို့နဲ့ ဆက်ရှိနေလိမ့်မယ်"လို့ ကျွန်တော် မျှော်လင့်ပါတယ်။

ဘာပေအနေနဲ့ ရီးရဲလ်ကို ပြောင်းရွှေ့ဖြစ်ခဲ့ရင် သူ့ရဲ့ကာလရှည်အပြောင်းအရွှေ့သတင်းတွေကို အဆုံးသတ်နိုင်မှာဖြစ်သလို ဗင်နီဆီးယက်စ် ၊ ဘယ်လင်ဟမ်တို့လိုကစားသမားတွေနဲ့ တွဲဆက်ကစားရမှာဖြစ်ပါတယ်။ မက်ဒရစ်ဟာ အခုရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဂီရိုနာကို ၂ မှတ်ဖြတ်ကာ ဦးဆောင်နေပါတယ်။ ဘာပေထွက်ခွာမှုက ပီအက်စ်ဂျီအတွက် နေမာနဲ့ မက်ဆီတို့ပြီးနောက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်လာဖွယ်ရှိနေပါတယ်။

ရီးရဲလ်ကို မရောက်ခင် ဘာပေရဲ့အခြေအနေက အတားအဆီးတွေများပြားဖွယ်ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ ပြင်သစ်သားက ပီအက်စ်ဂျီနဲ့အတူ ဆုဖလားအများအပြားရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

ပီအက်စ်ဂျီဟာ လီဂူးဝမ်းအမှတ်ပေးဇယားရဲ့အဆင့် ၁ နေရာမှာ ၈ မှတ်ဖြတ်ပြီး ဦးဆောင်နေသလို ချန်ပီယံလိဂ်မှာတော့ ဆိုစီဒက်အသင်းနဲ့တွေ့ဆုံနေပါတယ်။

#ပီအက်စ်ဂျီ #လီဂူးဝမ်း #ဟာနန်ဒက်ဇ် #အမ်ဘာပေ