ရှေ့သို့
Image

ရာသီမကုန်ခင်အထိ ယူနိုက်တက်မှာ ဆက်နေမယ့် အဲရစ်ဆင်

12:45 PM, 8 February

ဂါလာတာစာရေးအသင်းက ချိတ်ဆက်နေပေမယ့် ယူနိုက်တက်ကွင်းလယ်လူ အဲရစ်ဆင်တစ်ယောက် ရာသီမကုန်ခင်အထိ အသင်းမှာ ဆက်နေမယ်လို့ သိရပါတယ်။ တူရကီကလပ်က အသက် ၃၁ နှစ်သားကို ဆောင်းရာသီဈေးကွက်ရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဖေဖော်ဝါရီ ၉ ရက်နေ့ ဈေးကွက်မပိတ်ခင် ခေါ်ယူချင်နေပါတယ်။

ဂါလာတာစာရေးအသင်းဟာ အဲရစ်ဆင်ကို ရာသီမကုန်ခင်အထိ အငှားခေါ်ယူချင်နေပြီး ရာသီအကုန်မှာ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် စကိုင်းစပေါ့တ်သတင်းဌာနရဲ့အဆိုအရ ဒိန်းမတ်သားဟာ ယူနိုက်တက်မှာ လာမယ့်နွေရာသီ မတိုင်ခင်အထိ ဆက်နေမယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၃၁ နှစ်သားရဲ့စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးနေခဲ့ရတာဖြစ်ပါတယ်။ အဲ့နောက် အဲရစ်ဆင်ဟာ တန်ဟက်လက်အောက်မှာ နေရာပျော်ကလာခဲ့ပြီး နိုဝင်ဘာအလယ်ကတည်းက ၃ ပွဲသာ ပွဲထွက်ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်ကို အရေးနိမ့်တုန်းက အဲရစ်ဆင်ဟာ မိနစ် ၉၀ ပါဝင်ကစားခဲ့ပြီး တော့တင်ဟမ်ကို သရေကျတုန်းက တစ်နာရီနီးပါးကစားခဲ့ကာ ဝုဗ်နဲ့ ဝက်စ်ဟမ်းတို့ကို အနိုင်ရတုန်းက အရန်ခုံမှာထိုင်ခဲ့ရပါတယ်။ ဒီရာသီမှာ အဲရစ်ဆင်ဟာ ယူနိုက်တက်အတွက် ၁၅ ပွဲအထိ ပါဝင်ကစားထားကာ ၁ ဂိုးသွင်း ၊ ၁ ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ၂၈ ပွဲအထိ ပါဝင်ကစားထားကာ ၁ ဂိုးသွင်း ၊ ၈ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲရစ်ဆင်ဟာ တန်ဟက်ရဲ့ဒုတိယမြောက်ခေါ်ယူမှုဖြစ်ပြီး ၃ နှစ်စာချုပ် ချုပ်ဆိုထားတာဖြစ်ပါတယ်။

ယူနိုက်တက်ကိုမပြောင်းခင် အဲရစ်ဆင်ဟာ နှလုံးဝေဒနာကြောင့် စက်တပ်ပြီး အေဂျက်နဲ့ ဘရန့်ဖို့ဒ်တို့မှာ အသားကျအောင် လုပ်ခဲ့ရတာဖြစ်ပါတယ်။ အဲ့နောက် ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းရဲ့ကွင်းလယ်မှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။

ဆာဂျင်မီရောက်လာမှုနဲ့အတူ ယူနိုက်တက်ဟာ အပြောင်းအလဲတွေပြုလုပ်ဖို့ ပြင်ဆင်နေကာ နွေရာသီမှာ ယူနိုက်တက်အနေနဲ့အလုပ်များဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂါလာတာစာရေး #အဲရစ်ဆင် #ပရီးမီးယားလိဂ်