ရှေ့သို့
Image

ဇာဗီနေရာအတွက် ကလော့ပ်ကို ခေါ်ယူဖို့ ဘာစီလိုနာကို အူဘာမီယန်း တိုက်တွန်း

11:24 AM, 8 February

ဘာစီလိုနာ တိုက်စစ်မှူးဟောင်း အူဘာမီယန်းက အသင်းဟောင်းအနေနဲ့ ဇာဗီနေရာအတွက် ကလော့ပ်ကို ခေါ်ယူဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဘာစီလိုနာအသင်းရဲ့လက်ရှိနည်းပြ ဇာဗီက ကလော့ပ်တစ်ယောက် အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာပြီး သိပ်မကြာခင်မှာပဲ သူလည်း ဘာစီလိုနာကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ဇာဗီဟာ ဘာစီလိုနာအသင်းမှာနည်းပြလုပ်နေရတာကို မကျေနပ်သလိုဖြစ်နေပြီး ချန်ပီယံလိဂ်ရခဲ့ရင်တောင် ရာသီအကုန်မှာ ဘာစီလိုနာကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ လက်ရှိလာလီဂါ အမှတ်ပေးဇယားမှာ ရီးရဲလ်အသင်းနဲ့ ၈ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ဒုတိယနေရာကနေ ဂျီရိုနာနဲ့က ၆ မှတ်ကွာဟနေပါတယ်။

ဘာစီလိုနာဟာ ယခင်တုန်းက ချဲလ်ဆီးနည်းပြဟောင်း တူချယ်ကို ချိတ်ဆက်ခဲ့ပေမယ့်လည်း အဆင်မပြေခဲ့တာဖြစ်ပါတယ်။ မာဆေးလ်အသင်းမှာ လက်ရှိကစားနေတဲ့ အူဘာမီယန်းက လီဗာပူးနည်းပြဟာ ဘာစီလိုနာအတွက် အသင့်လျော်ဆုံးလို့ ထောက်ပြခဲ့ပါတယ်။

“ကလော့ပ်က ခင်ဗျားကိုအရာအားလုံး ပေးစွမ်းနိုင်ပါတယ်။ သူက ကြီးမားတဲ့ ဆုဖလားတွေလည်း ရယူနိုင်သလို နည်းပြကောင်းတစ်ဦးပါ။ ဘာစီလိုနာအနေနဲ့ အခွင့်အရေးရှိရင် သူ့ကိုရွေးချယ်စေချင်ပါတယ်။ ကျွန်တော် ဒေါ့မွန်မှာတုန်းက သူနဲ့အရမ်းကိုမှအဆင်ပြေခဲ့ပါတယ်။ သူသာလာခဲ့မယ်ဆိုရင် အဲ့တာက တကယ်ကြီးမားတာဖြစ်နိုင်ပါတယ်”လို့ အူဘာမီယန်းက ပြောကြားခဲ့ပါတယ်။

လီဗာပူးနည်းပြဟာ လက်ရှိရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမှာဖြစ်ပြီး ဘာစီလိုနာတာဝန်ရှိသူတွေကလည်း ရွေးချယ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ ကလော့ပ်ဟာ လီဗာပူးအသင်းကို ချန်ပီယံလိဂ်အပြင် ပရီးမီးယားလိဂ်ပါ ရယူပေးနိုင်ခဲ့သလို အခြားလိဂ်ဖလားတွေ ရအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အန်ဖီးလ်ကိုလည်း အသင်းတိုင်းထိတ်လန့်အောင် တည်ဆောက်ထားနိုင်ခဲ့ပြီး ဘာစီလိုနာအနေနဲ့ ခေါ်ယူသင့်တာဖြစ်ပါတယ်။ အူဘာမီယန်းကလည်း ဘာစီလိုနာအနေနဲ့ ကလော့ပ်လိုနည်းပြမျိုးကို လက်မလွှတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

လီဗာပူးနည်းပြက သူ့အနေနဲ့ အင်္ဂလန်က ထွက်ခွာဖြစ်ခဲ့ရင် အခြားဘယ်အင်္ဂလန်အသင်းကိုမှ နည်းပြမလုပ်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

#လီဗာပူး #ဘာစီလိုနာ #ဇာဗီ #ကလော့ပ် #အူဘာမီယန်း #ပရီးမီးယားလိဂ်