ရှေ့သို့
Image

ယူနိုက်တက်အနေနဲ့ ဘယ်လင်ဂမ်နှင့် ဟာလန်းတို့ကို ဘာကြောင့် မခေါ်ယူနိုင်ခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ အက်ဒ်ဝုဒ်ဝါ့ဒ်

10:45 AM, 8 February

အိုးထရက်ဖို့ဒ်မှာ ၉ နှစ်ကြာ တာဝန်ယူခဲ့ ဝုဒ်ဝါ့ဒ်ဟာ ယူနိုက်တက်ရဲ့ ကစားသမားသစ်စုဆောင်းမှုကို ကြီးကြပ်ခဲ့ပြီး သူတာဝန်ယူခဲ့တဲ့ အချိန်တစ်လျှောက်လုံး ဝေဖန်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကစားသမားဝယ်ယူမှု အမှားတွေအတွက် ကြီးကြီးမားမား ငွေသုံးစွဲလေ့ရှိသလို တန်ဖိုးများပြားလွန်းတဲ့ စာချုပ်တွေကိုလည်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားရဲ့ လက်ထက်တွင် ယူနိုက်တက်ဟာ ကစားသမားသစ်စုဆောင်းမှုက တိုးတက်လာခဲ့ပြီး မိုလ်ဒီမှာတုန်းက နော်ဝေနိုင်ငံသားကို ဆိုးလ်ရှားက ပထမဆုံးပွဲထွက်ခွင့်ပေးခဲ့တာကြောင့် ဆဲလ်ဘတ်မှ ဟာလန်းကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်က ရေးပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ စာချုပ်မှာ ပေါင်သန်း ၂၀ တန်ကြေးရှိ စာချုပ်ဖျက်သိမ်းခရှိပေမယ့် ယူနိုက်တက်က ဒေါ့မွန်ထံသို့ လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။  ၃ နှစ်အတွင်းမှာ မန်စီးတီးသို့ ပေါင်သန်း ၆၀ နဲ့ ရောက်လာခဲ့ပြီး ကလပ်အတွက် ၇၇ ပွဲကစား ၇၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဟာလန်းဟာ သူ့ခင်ဖြစ်သူရဲ့ကလပ်ဟောင်းနှင့် ချိတ်ဆက်မှုများကြောင့် မန်စီးတီးသို့ ပြောင်းရွှေ့ရန် အမြဲတမ်း ရည်မှန်းထားကြောင်း ဝုဒ်ဝါ့ဒ်က ESPN သို့ ပြောကြားခဲ့ပါတယ်။ အဲဒီရာသီအကုန်မှာ ဒေါ့မွန်ရွေးချယ်ကာ ယူနိုက်တက်ကို ငြင်းပယ်ခဲ့တဲ့ ဘယ်လင်ဂမ်ကိုလည်း တွေ့ခဲ့ရရပါတယ်။

အဲဒီတုန်းက အသက် ၁၆ နှစ်သာရှိသေးတဲ့ လက်ရှိရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကို ဆိုးလ်ရှားက ယူနိုက်တက်ရဲ့လေ့ကျင့်ရေးကွင်းမှာ ကြိုဆိုခဲ့ပြီး ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ ဆာအဲလက်စ်ဖာဂူဆန်နဲ့ ဘရိုင်ယန်ရော့ဘ်ဆင်တို့မှတဆင့် ကြိုးစားခဲ့ပါတယ်။ သို့သော် ဝုဒ်ဝါ့ဒ်က ယူနိုက်တက်ဟာ ဘယ်လင်ဂမ်အတွက် ပွဲထွက်မှုကို အာမခံဖို့ ပျက်ကွက်ခဲ့တာကြောင့် ကစားသမားက ဒေါ့မွန်ကိုရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

ဟာလန်းလိုပဲ ၃ နှစ်အတွင်းမှာ ဘယ်လင်ဂမ်ဟာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရီးရဲလ်မက်ဒရစ် #ဟာလန်း #ဘယ်လင်ဂမ် #ဝုဒ်ဝါ့ဒ် #ပရီးမီးယားလိဂ်